DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ရောက်နေသဖြင့် ရန်ကုန်မြို့လယ်က ဈေးဆိုင်များ ပိတ်ထားရ
DVB
·
July 27, 2026
Photo: Wazila Theater
Photo: Wazila Theater
Donate to DVB

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က ဝဇီရာရုပ်ရှင်ရုံကို ကဇာတ်ရုံအဖြစ် ပြောင်းလဲတဲ့ပွဲကို စစ်အာဏာရှင် မင်းအောင်လှိုင် လာရောက်တာကြောင့် မြို့လယ်က ဈေးဆိုင်​တော်​တော်များများ အဲဒီရက်မတိုင်ခင်ကတည်းက ပိတ်ထားရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

ဝဇီရာရုပ်ရှင်ရုံကို ကဇာတ်ရုံအသွင်ပြောင်းတဲ့ပွဲကို ဇူလိုင် ၂၇ ရက်မှာ လုပ်ခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင်ကနေ အသွင်ပြောင်းအစိုးရသမ္မတအဖြစ် ရယူထားတဲ့ မင်းအောင်လှိုင် တက်ရောက်မှာဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတလျှောက်နဲ့ အနီးစပ်ဆုံး လမ်းသွယ်တွေမှာရှိတဲ့ လမ်းဘေးဈေးဆိုင်တွေကို နှစ်ရက်အလိုလောက်ကတည်းက ပိတ်ခိုင်းထားသလို ကင်းပုန်းတွေချပြီး သံသယရှိတဲ့ လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တံတားမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူတယောက်က “ဗိုလ်ချုပ်လမ်းက ဈေးဆိုင်တွေ အဓိကပိတ်ရတာ။ ဆိုင်ခန်းနဲ့ ရောင်းတဲ့သူတွေဆိုလည်း ဆိုင်ခန်းအပြင်စွန်းပြီး ခုံချတာတို့၊ ပစ္စည်းခင်းတာတို့ ပေးမလုပ်ဘူး။ လုံခြုံရေးကတော့ ရက်ပိုင်းအလိုလောက်ကတည်းက တင်းကျပ်တာ” လို့ ​ပြောပါတယ်။

ဝဇီရာကဇာတ်ရုံ ဖွင့်ပွဲလုပ်တဲ့အချိန် မတိုင်ခင်မှာ ပန်းဆိုးတန်း ခုံးကျော်တံတားပေါ်က ဖြတ်သွားတဲ့ လူငယ်တွေကို လုံခြုံရေးယူထားသူတွေက ခေါ်ယူစစ်ဆေးတာ မြင်တွေ့ခဲ့ရတယ်လို့လည်း အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

အဲဒီ ဝဇီရာရုပ်ရှင်ရုံကို အခုလိုလုပ်ဆောင်နိုင်တာက အမျိုးသားယဥ်ကျေးမှု သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်တာဆိုပြီး နိုင်ငံတဝန်း အဆောက်အအုံတွေကို လေယာဥ်နဲ့ဗုံးကြဲ၊ မီးရှို့ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းနေတဲ့ မင်းအောင်လှိုင်က ပြောပါတယ်။

ဝဇီရာရုပ်ရှင်ရုံကို ကဇာတ်ရုံအဖြစ် ပြောင်းဖွင့်တဲ့ပွဲကို စစ်အာဏာရှင်နဲ့မကင်းတဲ့ အနုပညာနယ်ပယ်ကသူတွေ တက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013