DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ကော်မရှင်နှင့် မီဒီယာအဖွဲ့အစည်းများ သီးသန့်တွေ့ဆုံ
DVB
·
May 16, 2014
ရွေးကောက်ပွဲ ကော်မရှင်နှင့် မီဒီယာအဖွဲ့အစည်းများ သီးသန့်တွေ့ဆုံ
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မီဒီယာအဖွဲ့အစည်းတွေ ဒီကနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆန်းမစ်ပါ့စ်ဗျုးဟိုတယ်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ရွေးကော်ကပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ မြန်မာစာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ်သမဂ္ဂ စတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာပါ။

[caption id="attachment_56730" align="alignright" width="300"]media2 ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မီဒီယာအဖွဲ့အစည်းများ သီးသန့်တွေ့ဆုံစဉ်
(ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]

တွေ့ဆုံပွဲတက်ခဲ့တဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ဒုဥက္ကဋ္ဌ ၂ ဦးကျော်မင်းဆွေကတော့ ကော်မရှင်အနေနဲ့ မီဒီယာတွေနဲ့ သီးသန့်တွေ့ဆုံဖူးခြင်း မရှိဘဲ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုများကို ရှင်းပြချင်တဲ့အတွက် တွေ့ဆုံခြင်းဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခါအားလျော်စွာပဲ မီဒီယာတွေ မေးလို့ ဖြေတာပဲ ရှိတယ်။ သီးသန့် ဒီလို မီဒီယာအဖွဲ့တွေနဲ့ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ မီဒီယာအဖွဲ့တွေနဲ့ တွေ့ပြီး ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မီဒီယာတွေနဲ့ ဘယ်လိုညှိနှိုင်းလုပ်ရမလဲ၊ နောက် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဘာတွေ ပြင်ဆင်ထားတယ် ဘာတွေ လုပ်ထားတယ်ဆိုတာ ရှင်းပြချင်တဲ့ အတွက်လို့ ပြောတယ်။”

မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ ပါတီခေါင်းဆောင်တွေ မဲဆွယ်စည်းရုံးခွင့်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ ပြောပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူတို့ လုပ်ဆောင်မှုအကြောင်းတွေ ပြောတာပေါ့။ အဓိက ရည်ရွယ်ချက်က ပါတီခေါင်းဆောင်တွေက သူ့ကိုယ်စားလှယ်တွေအတွက် မဲဆွယ်ခွင့် မရှိဘူးဆိုတဲ့ အဲဒီ ကိစ္စအပေါ်မူတည်ပြီးတော့ ရှင်းချင်လို့၊ အခုတော့ ဒီကိစ္စက မေးတဲ့အခါမှာ မဲဆွယ်ခွင့်ရှိတယ်ပေါ့။ အဲဒါကို မီဒီယာတွေကို ရှင်းပြချင်လို့ မီဒီယာအဖွဲ့အစည်းတွေကို ဖိတ်တာလို့ ထင်တယ်။”

မီဒီယာအဖွဲ့တွေဘက်က ၀ှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ကို မေးမြန်းခဲ့ပြီး ၁၉၈၂ ဥပဒေ အရသာ ဆုံးဖြတ်မယ်လို့ ကော်မရှင်က ပြောကြားခဲ့တယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မနေ့ကလည်း နိုင်ငံရေးပါတီတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မူကို ဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့မှာတော့ မီဒီယာအဖွဲ့အစည်းတွေ အပါအ၀င် လူမှုအဖွဲ့အစည်းတွေနဲ့လည်း ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံပြီး လာမယ့်ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ရှင်းပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013