DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေ၊ ၄ ဦးဖမ်းဆီးခံရ
DVB
·
December 5, 2022
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေ၊ ၄ ဦးဖမ်းဆီးခံရ
1 / 6
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဘက်ကို အင်းအား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ ၄ ယောက်အရှင်ဖမ်းမိကာ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နဲ့ KA တပ်ဖွဲ့တွေအကြား ဒီဇင်ဘာ ၃ ရက် မနက် ၉ နာရီခွဲလောက်ကစပြီး တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီးမော့ဆိုအခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တဲ့အပြင် တိုက်လေယာဥ်နဲ့ အနည်းဆုံး ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး ၁ ဦး ၊ တပ်ကြပ် ၂ ဦး ၊ တပ်သား ၁ ဦး စုစုပေါင်း ၄ ဦး အရှင်ဖမ်းဆီးရမိကာ MA-1 သေနတ် ၄ လက် ၊ MA -3 သေနတ် ၂ လက် ၊ MA-4(79)တွဲ တလက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး ၁လက် ၊ RPG ၁လက် ၊ (၆၀)မမ စိန်ပြောင်း နှစ်လက် ၊ ကွန်ပျူတာ တလုံး ၊ ဖုန်းတချို့နဲ့ ခဲယမ်းပစ္စည်း စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါတိုက်ပွဲနဲ့ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံး ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်တာမရှိသေးသလို သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စတီတပ်ဟာ တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူ အခြေစိုက် တပ်ရင်းဖြစ်ပြီး အဆိုပါ တပ်ရင်းဟာ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် ၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ ၄၀ ကျော်အား မီးရှို့သတ်ဖြတ်ခဲ့တဲ့တပ်ဖြစ်တယ်လို့ KNDF ကဆိုပါတယ်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ၊ သေးဆူလဲ၊ ဒေါကမီးစတဲ့ ရွာတွေဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဖြတ်သန်းသွားလာတာ၊ နေရပ်ပြန်တာတွေမလုပ်ကြဖို့နဲ့ စစ်ရေးအခြေနေသတင်းတွေကို ဂရုပြုကြဖို့ KNDF က မေတ္တာ ရပ်ခံထားပါတယ်။

Photo Credit-KNDF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013