DVB Logo
Home
မြန်မာသတင်း
ဆစ်ဒနီမြို့တွင် ဖဲကြိုးဖြူလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)
DVB
·
December 4, 2022
ဆစ်ဒနီမြို့တွင် ဖဲကြိုးဖြူလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)
1 / 7
Donate to DVB

CRPH/NUG ပံ့ပိုးကူညီမှုအဖွဲ့ (New South Wales State-NSW)အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖဲကြိုးဖြူလှုပ်ရှားမှုကို  ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က အကောက်ခွန်အိမ်ရာဝင်းရှေ့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ 

မြန်မာနိုင်အတွင်း အမျိူးသမီးနဲ့ ကလေးတွေအပေါ် စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်တာကို မီးမောင်းထိုးပြဖို့နဲ့ အသိပညာပေးဖို့ လုပ်တာလို့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောပါတယ်။

ဒါအပြင် ဩစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာကို လုပ်ဆောင်ပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပြီး စစ်အစိုးရက သူတို့ ကျူးလွန်တဲ့ ရက်စက်ယုတ်မာတာတွေအပေါ် တာဝန်ယူပေးဖို့လည်း အဲဒီလှုပ်ရှာမှုမှာ တောင်းဆိုခဲ့ကြပါတယ်။

အခုလှုပ်ရှားမှုမှာတော့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက အဓိကဟောပြောသူအဖြစ် ဆောင်ရွက်ခဲ့ပြီး သြစတြေးလျနိုင်ငံ Myanmar Campaign Network ရဲ့ စည်းရုံးရေးမန်နေဂျာ Tasneem Roc က MC အဖြစ် ဆောင်ရွက်ခဲ့တာပါ။

တခြားဟောပြောသူတွေကတော့ မွန်ဇင်နဲ့ CRPH/NUG အထောက်အကူပြုအဖွဲ့မှ ကိုယ်စားလှယ် နိုင်ဝင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒီလှုပ်ရှားမှုကို ပရော်ဖက်ရှင်နယ်ဂီတပညာရှင် Deborah Tin က တက်ရောက်ခဲ့ပြီး Lesley Gore ရဲ့ "You Don't Own Me" နဲ့ "We are the world" ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။  

ဒီနေ့လုပ်တဲ့ ဖဲကြိုးဖြူလှုပ်ရှာမှုဟာ ၁ နာရီသာ ကြာခဲ့ပြီး တက်ရောက်လာသူတွေကို မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာ စောင်နဲ့  ဖဲကြိုးဖြူတွေ ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013