
ရန်ကုန်မှာ အကြီးဆုံးဖြစ်တဲ့ မင်းရဲကျော်စွာ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းကို မေလကုန်ပိုင်းမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် မီးလောင်ကွင်းကို ရွှေ့ပြောင်းရတော့မယ်လို့ ကားဝယ်ရောင်း ကိုအေးချိုက ဒီဗွီဘီကို ပြောပါတယ်။
ကားအငယ် ရောင်းချသူတွေ လှုင် ၁၃ ရပ်ကွက် ကွင်းကို ပြောင်းရွှေ့ရမှာဖြစ်ပြီး ကားအကြီး ရောင်းသူတွေကတော့ လှိုင်သာယာ ဒဂုန်ဧရာ အဝေးပြေးကားဂိတ် အလွန် ကားကွင်းကို ရွှေ့ပြောင်းရမယ်လို့ ဆိုပါတယ်။
အခု လက်ရှိ အရောင်းအ၀ယ် လုပ်နေတဲ့ မင်းရဲကျော်စွာဝင်းကို ပြောင်းရွှေ့မလာခင် ဟံသာဝတီ ပွဲစားတန်းမှာ အရောင်းအ၀ယ် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟံသာဝတီ ကားပွဲစားတန်းကနေ အခု လက်ရှိနေရာ ရွှေ့ပြောင်းစဉ်ကတော့ ကားပွဲစားတွေနဲ့ ဈေးရောင်းချသူ တချို့ ဆန္ဒပြခဲ့ကြပါသေးတယ်။











