DVB Logo
Home
မြန်မာသတင်း
မူတြော်ခရိုင်၌ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၁၆ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၆ ဦး သေဆုံး
DVB
·
December 2, 2022
မူတြော်ခရိုင်၌ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၁၆ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၆ ဦး သေဆုံး
Donate to DVB

နိုဝင်ဘာ ၁ လတာအတွင်း မူတြော်ခရိုင်တပ်မဟာ ၅ မှာ တိုက်ပွဲပေါင်း ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်တပ်နဲ့ BGF တပ်ဖွဲ့ဝင် ၉၆ ဦး သေဆုံး၊ ၅၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၉၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ တပ်ကြပ်တဦးပါဝင်သလို ဒဏ်ရာရသူတွေထဲမှာ အရာရှိတဦး ပါဝင်ကာ မော်တော်ယာဉ်တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မူတြော်ခရိုင်၊ အမှတ်(၅) တပ်မဟာထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF- နယ်ခြားစောင့်တပ်တွေက နယ်မြေကျူးကျော် ဝင်ရောက်လာပြီး  လူ့အခွင့်အရေးပေါင်းစုံ ချိုးဖောက်တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ထိတွေ့ရင်ဆိုင်တိုက်ပွဲအတွင်း KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်( ၅) တပ်မဟာက စစ်သည်တော် ၉ ဦး တိုင်းပြည်နဲ့ လူမျိုးအတွက်အသက်စွန့်လိုက်ရပြီး  ၂၆  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မူတြော်ခရိုင် မြို့နယ် ၃ မြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူတွေရဲ့ ဥယျာဉ်ခြံမြေနဲ့  အများပြည်သူ အသက်မွေးဝမ်းကြောင်းပြုရာ လမ်းတွေကို စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း‌ေနေ လက်နက်ကြီး ၅၅ လုံးတိတိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၂၂ လုံးကို တပ်မဟာ ထိန်းချုပ်နေရာ ၄ ခုမှာ ကြဲချခဲ့တဲ့အတွက် လူနေအိမ်၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေ ကြေမွပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013