DVB Logo
Home
မြန်မာသတင်း
ရှမ်းအရှေ့ပိုင်းတွင် မူးယစ်ဆေး၊ လယ်ယာမြေနှင့် သတ္တုလုပ်ငန်းများ အဓိက ပြဿ နာဖြစ်နေ
DVB
·
May 16, 2014
ရှမ်းအရှေ့ပိုင်းတွင် မူးယစ်ဆေး၊ လယ်ယာမြေနှင့် သတ္တုလုပ်ငန်းများ အဓိက ပြဿ     နာဖြစ်နေ
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်းက မူးယစ်ဆေးဝါး၊ လယ်ယာမြေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ဒေသတွင်းမှာ အဓိက  ပြဿ     နာဖြစ်နေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ ဒေသန္တရ စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ မူးယစ်ဆေးဝါး၊ လယ်ယာမြေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အဓိက ကြုံတွေ့နေရတဲ့  ပြဿ     နာတွေအဖြစ် ဆွေးနွေးခဲ့ကြတာပါ။

1တာချီလိတ်မြို့မှာ မေ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်း ၉ မြို့နယ်က ဒေသခံတွေနဲ့ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ကျိုင်းတုံမြို့နယ်မှာ ထိုင်းကုမ္ပဏီတခုက ကျောက်မီးသွေး စမ်းသပ်တူးဖော်နေတာနဲ့ ပတ်သက်ပြီး ဒေသခံ ဒေါ်နန်းလိတ်က အခုလို ပြောပါတယ်။

“ကျောက်မီးသွေး တူးခြင်းအားဖြင့် ကျမတို့ လယ်ကွက်တွေ ဆိုးကျိုးတွေ ရှိတယ်။ ဒေသခံ သဘောထားလည်း လုံးဝ သဘောမယူဘူး။ အဲဒါကြောင့် မရပ်လို့ရှိရင် ဆန္ဒပြ လမ်းလျှောက်မယ်။ သူတို့က လုပ်လည်း မလုပ်စေချင်ဘူး။ လုပ်မယ့်နေရာတွေ လယ်ကွက်ထဲမှာ ဖြစ်နေတယ်။ သူတို့ တူးမယ်ဆိုရင် လယ်ကွက်တွေ အကုန်ပျက်စီးပြီ။ လယ်တွေ ရွာတွေ  လူနေအိမ်တွေ အကုန် ပြောင်းရွေ့ပေးရတော့မှာလေ။ အုပ်ချုပ်ရေးမှူးလည်း သူတာဝန်မယူဘူး။ သူ့ရွာတွေလည်း ပါတယ်။”

ဒီလို ဆွေးနွေးပွဲတွေ လုပ်တာနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်သားများတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသိန်းအောင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကျနော်က ဒီလိုမျိုး အမြဲတမ်းပဲ ဆောင်ရွက်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လမ်းဘေးထွက်ဆန္ဒပြမယ့်အစား အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးတော့ ရလဒ်အားလုံးကို လွှတ်တော်ကိုယ်စားလှယ်တွေကနေ တဆင့်ပဲဖြစ်ဖြစ် သွားလို့ရတယ်။ ကျနော်တို့ ဆွေးနွေးတယ်ဆိုတာက တဦးနဲ့ တဦး အမြင်ဖလှယ်တဲ့နေရာမှာ လွယ်ကူစွာ အဖြေရနိုင်တယ်။ အဲဒါကြောင့်မို့လို့ အမြဲတမ်းဆောင်ရွက်နိုင်အောင် ပါတီထိပ်ပိုင်းက လူကြီးတွေရော အန်ဂျီအို အဖွဲ့အစည်းက ခေါင်းဆောင်တွေအားလုံးရော တိုက်တွန်းပါတယ်။ အခုအချိန်မှာ လာရောက် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

သူ့အနေနဲ့ လယ်ယာမြေ ပြဿသ နာတွေကို အများဆုံးကြုံတွေ့ရတယ်လို့လည်း ဦးစိုင်းသိန်းအောင်က ပြောပါတယ်။

ရှမ်းအရှေ့ပိုင်းမှာ ကြုံတွေ့နေရတဲ့ မြေယာ၊ သတ္တုတွင်း၊ မူးယစ်ဆေးပြဿ    နာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်တဲ့ မျိုးဆက်သစ် (ရှမ်းပြည်) အဖွဲ့ဝင် ကိုမိုးက ပြောပါတယ်။

“ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းမရှိရင် နောက်ထပ် မြေသိမ်း ယာသိမ်းတွေ မြေယာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ဒါတွေဟာ ကြုံတွေနေရဦးမှာပဲ။ ဒီသတ္တုတွင်းတွေနဲ့ မြေယာချိတ်ဆက်နေတယ်။ သတ္တုတွင်းတူးမယ်။ ကိုယ့်ရဲ့လယ်ကွက်တွေထဲမှာ လာတူးမယ်။ ကိုယ့်လယ်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ဟာ မပြနိုင်ဘူးဆိုရင် သူက မြေလွတ်မြေရိုင်း စာရင်းတွေ ထဲမှာ အကျုံးဝင်နေမယ်။ အဲဒီအတွက် ဒီဆိုးကျိုးတွေက ဆက်စပ်နေတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆွေးနွေးသွားတဲ့ လောင်းကစားတွေနဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် အစိုးရရုံးစိုက်ရာဖြစ်တဲ့ တောင်ကြီးမြို့ပေါ်မှာတောင် လောင်းကစားဆိုင်တွေ မှိုလို ပေါက်လာတယ်။ ဒါတွေကို ဘယ်လို ထိန်းကျောင်းမှာလဲ။ ဒါကတော့ သက်ဆိုင်ရာ ပြည်ထဲရေးတို့၊ ပြည်နယ်အစိုးရတို့ ပြည်ထောင်စုအစိုးရတို့ကို မေးရမယ့် မေးခွန်းတွေ ဖြစ်လာတယ်။”

ဆွေးနွေးပွဲကို မေလ ပထမပတ်က လာရှိုးမြို့မှာ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်တခုလုံး အတွက်ကိုတော့ မေလ နောက်ဆုံးပတ်က တောင်ကြီးမြို့မှာ ပြုလုပ်မှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013