DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်၌ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၂၈ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား ၄၃ ဦးသေဆုံး
DVB
·
December 1, 2022
ကရင်နီပြည်နယ်၌ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၂၈ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား ၄၃ ဦးသေဆုံး
Donate to DVB

ကရင်နီပြည်နယ်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၂၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ပထမအပတ်အတွင်း လွိုင်ကော်မြို့နယ် ကုန်းဆွတ် ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်မှ အပြင်းအထန်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ နောက်ဆုံးအပတ်မှာလည်း လွိုင်ကော်မြို့နယ် ပါလောင်းကျးရွာနဲ့ ဒေါတယို့ကျေးရွာ ပတ်ဝန်းကျင်တို့မှာ စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲထားတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲ ကျေးရွာတို့မှ ရှမ်းကယားနယ်စပ် နန်းဖယ်ခုံမြို့နဲ့ အနီးတဝိုက်ကျေးရွာအထိ စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့က အပြင်းအထန်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  စစ်ကောင်စီတပ်ရဲ့  အကြမ်းဖက်စစ်ဆင်ရေးနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာလအတွင်း အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ကြီး ထိမှန်တာကြောင့် နေအိမ် ၅၇ လုံး ပျက်စီးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဘက်က တပ်သား ၁ ဦး လက်နက်အပြည့်အစုံနဲ့ ပြည်သူဘက်ပူးပေါင်းကာ CDM ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  

စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း  KNDF မှ ရဲဘော်  ၂ ဦး ကျဆုံးခဲ့ရပါတယ်။

လက်ရှိအခြေအနေအရ ဒီးမော့ဆိုမြို့နယ်နဲ့ နန်းဖယ်ခုံမြို့တို့မှာ စစ်ရေးအရှိန်မြင့်နေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက်  ပြည်သူတွေအနေနဲ့ လုံခြုံရေး သတိရှိကြပါဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013