DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်ခွင့် ညွှန်ကြားချက် ပါတီများ သဘောထားကွဲ
DVB
·
May 15, 2014
ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်ခွင့် ညွှန်ကြားချက် ပါတီများ သဘောထားကွဲ
Donate to DVB

ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် နဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေအကြား သဘောထားကွဲလွဲနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတွေကို မေလဒုတိယပတ်ထဲမှာ ဖြန့်ဝေထားတဲ့ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် နဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေအကြားမှာ သဘောထားကွဲလွဲမူရှိနေတာပါ။

1Election Committe 15052014ဒီညွှန်ကြားချက်အရ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲဆန္ဒနယ်ကို ပါတီခေါင်းဆောင်က သွားရောက်မဲဆွယ်စည်းရုံး ဟောပြောပေးမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို စာတင်ပြီး ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ဒုဥက္ကဋ္ဌ ဦးဌေးဦးကတော့ မဲဆွယ်စည်းရုံး ဟောပြောဆွေးနွေးမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“လှည့်လည်မယ်တို့၊ ဟောပြောမယ်တို့ ဆွေးနွေးမယ်တို့ ပိုစတာတွေ ထုတ်မယ်တို့ ဒါက တင်ပြရမှာပေါ။ အရင်ကလည်း ဒီလိုပဲ တင်ပြရပါတယ်။ မဲဆွယ်စည်းရုံးတယ်ဆိုတာ ရှိမှာပဲ။ သို့သော်လည်းပဲ ရွေးကောက်ပွဲကောက်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောက်ရွက်ပြီးတော့မှ မဲထည့်နိုင်ဖို့အတွက် အတွေ့အကြုံတွေလည်း ရှိနေကြပြီဆိုတော့ ဒီအတွေ့အကြုံပေါ်မှာ ရှိနေတဲ့ အားနည်းချက်တွေ အားသာချက်တွေကို ထိန်းပြီးတော့မှ အမှန်အကန်ဆုံးပေါ့ ကိုယ်စားလှယ်တွေ ရအောင် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ အဓိက ထားပြီး ရှင်းလင်းခဲ့ပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနိုင်း ဆောင်ရွက်မှု အစည်းအဝေးကို ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ ပါတီစည်းရုံးရေးအတွက် ကော်မရှင်မှာ လျှောက်လွှာတင်ရမယ့် အစီအစဉ်ကို ပယ်ဖျက်ဖို့နဲ့ အကြောင်းကြားစာနဲ့သာ စည်းရုံးရေးခွင့်ပြုဖို့အတွက် ညှိနိုင်းခဲ့တယ်လို့
ပြောပါတယ်။
“သွားစည်းရုံးရေး ဆင်းချင်လို့ရှိရင် လွှတ်တော်ဖြစ်ဖြစ် ကော်မရှင်ဖြစ်ဖြစ်မှာ လျှောက်လာတင်ရမယ်။ ဒါတွေကို ပယ်ဖျက်ပေးဖို့ သွားပြီး ဟောပြောမယ်ဆိုရင် အကြောင်းကြားစာလောက်နဲ့ ဖြစ်အောင် လုပ်ပေးဖို့ဆိုပြီး ဒါတွေရယ် နောက် ရွေးကောက်ပွဲကာလ သတ်မှတ်ချက်၊ ဟောပြောခွင့်ကာလ ၁ လဆိုတာက နည်းတယ်။ ရက်ပေါင်း ၆၀ လောက် ပေးဖို့ပါပဲ။ ဒီလို အတိုးအဆုတ်တွေ ညှိနှိုင်းဖို့ပါပဲ။”

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်မှာ အခြားနိုင်ငံမှ ပြဋ္ဌာန်းချက်တွေကို လေ့လာပြီး မြန်မာမှုပြုထားတယ်လို့ ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေးမှာ နိုင်ငံရေးပါတီတွေကို ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်တော်များ ဥပဒေ စည်းမျဉ်းစည်းကမ်းတို့နဲ့အညီ လိုက်နာဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လိုက်နာရမယ့် ညွှန်ကြားချက် ရေးဆွဲထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အခြားနိုင်ငံများမှ ပြဋ္ဌာန်းချက်များကို လေ့လာပြီး မြန်မာမှုပြုထားတဲ့ ကိစ္စတရပ်လည်း ဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကတော့ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်ကို သဘောမတူဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် တနိုင်ငံလုံး ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ကို လာမယ့် အောက်တိုဘာ သို့ နိုဝင်ဘာမှာ ကျင်းပဖို့ရှိပြီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးခွင့် ၁ လ ရရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013