DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးခွင့် ပိတ်ထားသဖြင့် ပြည်သူများ အခက်တွေ့
DVB
·
December 1, 2022
ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးခွင့် ပိတ်ထားသဖြင့် ပြည်သူများ အခက်တွေ့
Donate to DVB

ရန်ကုန်တိုင်း၊ ခရမ်းမြို့ပေါ်သာမက ခရမ်းမြို့နယ်ရှိ ကျေးရွာတွေပါ စစ်ကောင်စီက ဆိုင်ကယ်မစီးရ အမိန့်ထုတ်ထားတာကြောင့် ဒေသခံ ပြည်သူတွေပါ အခက်အခဲ ကြုံတွေ့နေရပါတယ်။

စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်ကစပြီး ဆိုင်ကယ်စီးခွင့် ပိတ်သိမ်းလိုက်တဲ့အတွက် အခုလို အခက်ကြုံနေရတာပါ။

ကဝမြို့နယ်နဲ့ ခရမ်းမြို့နယ် နယ်စပ်ကျေးရွာတရွာဖြစ်တဲ့ ကမ်းမြောင်-ပြည်တော်သာ ကျေးရွာနေ ပြည်သူတဦးက “ကျနော်တို့ဘက်က ခရမ်းကို ဈေးသွားဝယ်တာ၊ ဆေးခန်းပြတာ မှန်သမျှ ဆိုင်ကယ်နဲ့ပဲ သွားကြတာ။ အခုတော့ ဆိုင်ကယ်မစီးရတော့ အတော့်ကို အခက်အခဲ ဖြစ်တယ်ဗျ။ တန်ဖိုးကြီးဆိုင်ကယ်တွေကြ ဘယ်သူက ဘေးတွဲလုပ်ချင်မှာလဲဗျာ။ ဆိုင်ကယ်နာတယ်၊ အင်ဂျင်နာတယ်၊ ဆီပိုကုန်တယ်။ စကစရဲ့ အမိန့်တွေကြောင့် ပြည်သူတွေ အကုန်ဒုက္ခရောက်ရတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ကဝမြို့မှ ဆိုင်ကယ် ကယ်ရီဆွဲသူတဦးကလည်း ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တာကြောင့် ခရီးသည်လိုက်ပို့ရတာတွေ အဆင်မပြေတော့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကတည်းက ခရမ်းမြို့ပေါ်မှာ မော်တော်ဆိုင်ကယ်စီးခွင့် ပိတ်ထားခဲ့ရာကနေ နိုဝင်ဘာ ၁၈ ရက်မှာတော့ တမြို့နယ်လုံးကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013