
ရန်ကုန်မှာ လုပ်ဖို့ရှိတဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နဲ့ ၂၂ရက်တို့မှာ ပြောင်းလဲ ကျင်းပပြုလုပ်မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
[caption id="attachment_54478" align="alignright" width="300"]
အစိုးရနှင့် အန်စီစီတီတို့ ဧပြီလက ဆွေးနွေးစဉ်[/caption]တိုင်းရင်းသားညှိနှိုင်းရေးအဖွဲ့ဝင်တွေ လိုင်ဇာခရီးသွားနေတာကြောင့် ၂ ရက် နောက်ဆုတ်လိုက်တာဖြစ်ပြီး အရင် မေလ ၁၉ နဲ့ ၂၀ ရက်တို့မှာ ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒီတကြိမ် ဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်မင်းခေါင်းဆောင် တက်ရောက်မှာဖြစ်ပြီး တပ်မတော်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။











