DVB Logo
Home
မြန်မာသတင်း
သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေးခွင့် အဖွဲ့ ၁၅၀ ကျော် တောင်းဆို
DVB
·
May 15, 2014
သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေးခွင့် အဖွဲ့ ၁၅၀ ကျော် တောင်းဆို
Donate to DVB

သမ္မတ ဦးသိန်းစိန်၊ လွှတ်တာ်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၅၀ ကျော် မေလ ၁၄ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

thein seinshwe mahnမျိုးစောင့်ဥပဒေတွေနဲ့ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြလိုတာကြောင့် အခုလို တောင်းဆိုရတာလို့ အမျိုးသမီး တန်းတူညီမျှရေးကွန်ရက်အဖွဲ့ဝင် ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

“အမျိုးစောင့်ဥပဒေကြမ်းအပေါ်မှာ ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြီးတဲ့နောက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဒီဥပဒေကြမ်း ရေးဆွဲရေးနဲ့ ပတ်သက်ပြီး အဓိက အကြံပြုတင်ပြ ဆွေးနွေးချင်တဲ့ အချက်အလက်တွေကို ကျမတို့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့် ရချင်လို့ နိုင်ငံတော်သမ္မတရော၊ တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌရော၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်ဥက္ကဋ္ဌ တို့ဆီ ကျမတို့ စာပို့ထားပါတယ်။”

တွေ့ဆုံခွင့်တောင်းတဲ့ အဖွဲ့အစည်းတွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လုပ်တာထက် ဖွဲ့စည်းပုံပြင်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

စာရေးဆရာ ထက်မြက်က အရပ်ဘက်အဖွဲ့အစည်းတွေ အခုလို မျိုးစောင့်ဥပဒေအပေါ် ၀ိုင်းဝန်းကန့်ကွက်နေကြတာကို အပြည့်အ၀ထောက်ခံလိုက်ပြီး တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးခွင့် ပေးဖို့ ကောင်းတယ်လို့ ပြောပါတယ်။

“ဒါက တွေ့ဆုံသင့်တာပေါ့။ တွေ့ဆုံသင့်ရုံ မကဘူး။ ဒီဥစ္စာက သူတို့တောင်းဆိုတဲ့ဟာကို လက်ခံပြီးတော့ သူတို့ ပြဋ္ဌာန်းမယ့် အနေအထားမျိုးမှာ မပြဋ္ဌာန်းပဲနဲ့ မျိုးစောင့်ဥပဒေ ဆိုတာကို ပယ်ဖျက်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”

သမ္မတ တာဝန်ပေးရေးဆွဲစေတဲ့ ဥပဒေရေးဆွဲရေးကော်မရှင်က မျိုးစောင့်ဥပဒေကြမ်းတွေ ရေးဆွဲပြီးပြီလို့ သတင်းထွက်ပေါ်လာချိန်မှာ အရပ်ဘက်အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ထုတ်ဖော်ခဲ့ပြီးနောက် နိုင်ငံသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥက္ကဋ္ဌ တွေကို တွေ့ဆုံဆွေးနွေးခွင့် တောင်းခံခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013