DVB Logo
Home
မှုခင်း/မူးယစ်ဆေး
နေပြည်တော်လမ်းကို အဆင့် ၃ ဆင့်ခွဲ ပြုပြင်မည်
DVB
·
May 15, 2014
နေပြည်တော်လမ်းကို အဆင့် ၃ ဆင့်ခွဲ ပြုပြင်မည်
Donate to DVB

ယာဉ်မတော်တဆမှုတွေ အဖြစ်များပြီး လူသေဆုံးမှု မြင့်တက်နေတဲ့ ရန်ကုန်- နေပြည်တော်- မန္တလေး ကွန်ကရစ်အမြန်လမ်းမကြီးကို အဆင့် ၃ ဆင့်ခွဲပြီး ပြင်ဆင်သွားမယ်လို့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

high wayနေပြည်တော် ရထားဝန်ကြီးဌာနမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး အမေရိကန်အစိုးရကလည်း လမ်း ၁၀ မီတာကို နမူနာ စံပြ ပြုပြင်ပေးတဲ့ နည်းပညာ အကူအညီ ပေးမယ်လို့ ဆိုပါတယ်။

ပထမ အဆင့်အနေနဲ့ ယာဉ်မတော်တဆမှု ပြဿ နာ အများဆုံးဖြစ်နေတဲ့ တံတားတွေကို လေးလမ်းသွား အဆင့်ကနေ ကားလမ်းအကျယ်နဲ့ ကိုက်ညီတဲ့ ခြောက်လမ်းသွားအဖြစ် ပြုပြင်ပြီး နောက်တဆင့် ၈ လမ်းသွားအဆင့် မြှင့်တင်မယ်လို့ ဆိုပါတယ်။

ဒုတိယ အဆင့်မှာတော့ ကားလမ်းကို ၈ လမ်းသွား အဆင့်မြှင့်ပြီး နောက်ဆုံးအဆင့် လမ်းတလျှောက်လုံး စီစီတီဗွီ ကင်မရာ တပ်ဆင်တာတွေပါ လုပ်သွားမယ်လို့ ပြောပါတယ်။

ဒီ အဆင့်တွေ လုပ်နေတာနဲ့ တပြိုင်နက်တည်း လမ်းလယ်ကျွန်းတွေ မြင့်နေတာကို ပြန်နှိမ့်ချတာ၊ လမ်းတလျှောက် ၀ဲယာ ကျွဲနွားတွေ ကားလမ်းပေါ် မတက်အောင် Guard Rail တွေ တပ်ဆင်တာ၊ ကားလမ်းမကြီး ဘေားတလျှောက် သက်ဆိုင်ရာ ရွာက လူတွေ အသုံးပြုနိုင်အောင် ယာဉ်ကြောသစ် ဖောက်လုပ်ပေးတာလည်း လုပ်ပေးသွားမယ်လို့ ရှင်းပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013