DVB Logo
Home
မြန်မာသတင်း
မဲဆန္ဒရှင်စာရင်းပြုစုရေး ပိုက်လော့ပရောဂျက် မြို့နယ် ၃ ခုတွင် ဆောင်ရွက်မည်
DVB
·
May 15, 2014
မဲဆန္ဒရှင်စာရင်းပြုစုရေး ပိုက်လော့ပရောဂျက် မြို့နယ် ၃ ခုတွင် ဆောင်ရွက်မည်
Donate to DVB

မဲဆန္ဒရှင်စာရင်းပြုစုရေး ရှေ့ပြေးအဖြစ် မဲဆန္ဒရှင်စာရင်းကောက်မယ် ပိုက်လော့ပရောဂျက်ကို မြို့နယ် ၃ ခုမှာ မကြာမ်ီဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

“စမ်းသပ်ကောက်မယ့် နယ်မြေတွေကတော့ ရန်ကုန်တိုင်းဒေသကြီးက အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နဲ့ ကချင်ပြည်နယ်က ၀ိုင်းမော်မြို့နယ်တို့ ဖြစ်ပါတယ်။”

1Election Committe 15052014တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေးမှာ ဦးတင်အေးက အခုလို ပြောကြားလိုက်တာပါ။

မဲဆန္ဒရှင်စာရင်းပြုစုရေးကို ကွန်ပျူတာစနစ်ဖြစ်ဖို့ ဆောင်ရွက်နေပြီး မဲဆန္ဒရှင်တွေကို အသိပညာပေးမှုကို လူမှုအဖွဲ့အစည်းများဖြစ်တဲ့ TSI၊ ငြိမ်းအေးရှေ့ဆောင်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နောက်ပိုင်း ပြန်လည်ကျင်းပတဲ့ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကြိုတင်မဲအရေအတွက် များပြားခဲ့ပြီး ၂၀၁၂ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်စာရင်း ကွာဟမှုရှိခဲ့တယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် တနိုင်ငံလုံးရွေးကောက်ပွဲ မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ကို လာမယ့် အောက်တိုဘာ (သို့) နိုဝင်ဘာလမှာ ကျင်းပဖို့ ရှိပြီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးခွင့် တလရရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013