DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတော်လှန်ရေးအဖွဲ့များအတွက် တော်လှန်ပန်းချီရန်ပုံငွေရှာ အစီအစဉ်ပြုလုပ်
DVB
·
November 29, 2022
ပခုက္ကူတော်လှန်ရေးအဖွဲ့များအတွက် တော်လှန်ပန်းချီရန်ပုံငွေရှာ အစီအစဉ်ပြုလုပ်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က တော်လှန်ရေးအဖွဲ့တွေကို ကူညီထောက်ပံ့နိုင်ဖို့ တော်လှန်ပန်းချီ ရန်ပုံငွေ အစီအစဉ်ကို နိုဝင်ဘာ ၅ ရက်ကနေ ဒီဇင်ဘာလ ၅ ရက်အထိ ပြုလုပ်နေပါတယ်။

ပန်းချီကားစုဆောင်းသူတွေက ကူညီပံ့ပိုးထားတဲ့ ပန်းချီ မြတ်ကျော့၊ ပန်းချီစိုးနိုင်၊ ပန်းချီ စောထွန်းတို့ရဲ့ ပန်းချီကားတွေကို မဲဖောက်ပေးသွားမှာဖြစ်ပြီး မဲလက်မှတ်တစောင်ကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ မဲအရေအတွက် ၁၅၀၀ ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ တော်လှန်ပန်းချီ ရန်ပုံငွေအစီအစဉ်ရဲ့ စီစဉ်သူ ကိုဇော်မျိုးထွန်းက ပြောပါတယ်။

“အဓိကရည်ရွယ်ချက်က ရလာတဲ့ ဘတ်ဂျက်တွေကို ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က စီစဉ်ပြီး တော်လှန်ရေးအဖွဲ့တွေကို ပြန်လည်ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေက မစ်ရှင်သွားလုပ်ကြတယ်။ မစ်ရှင်က ပြန်လာတဲ့အခါမှာလည်း ရန်ပုံငွေအတွက် ရုန်းကြရတယ်ပေါ့။ အဲ့ဒီတော့ သူတို့မှာ မစ်ရှင်အပြင် ဘတ်ဂျက်ပိုင်းမှာလည်း အကြွေးတွေ အများကြီးတင်နေကြတယ်။ ကျနော်တို့ ရန်ပုံငွေရှာဖွေသူတွေအနေနဲ့ ဖြေရှင်းပေးချင်တယ်။ အဲ့ဒါကြောင့် လုပ်ဖြစ်တာပါ။ ”

အစီအစဉ်စတင်တာ ရက်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပေမယ့် ရန်ပုံငွေရရှိမှုအားနည်းနေသေး တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်ကာလထက်ပိုပြီး တိုးမြှင့်ရောင်းချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

စီစဉ်သူ ကိုဇော်မျိုးထွန်းက “ကျနော်တို့ရဲ့ လက်ရှိအခြေအနေအရ အစောင်ရေတထောင်တောင် မကုန်သေးတော့ ရက်ကို နောက်ထပ်ဆွဲဖို့တော့တိုင်ပင်ထားတယ်ပေါ့နော်။ လက်ရှိမြေပြင်မှာ ပန်းချီကားရောက်နေပြီဆိုတော့ ဗီဒီယိုအတိုလေးတင်ဖို့တော့ ရှိပါတယ်။ ကျနော်တို့ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ကနေလည်း ဝယ်ယူလို့ ရပါတယ်။ နိုင်ငံအလိုက် ရန်ပုံငွေရှာပေးသူတွေဆီကလည်းဝယ်လို့ ရတယ်။ အများပြည်သူအနေနဲ့လည်း အားပေးကြဖို့ ပြောချင်ပါတယ်”လို့ပြောပါတယ်။

တော်လှန်ပန်းချီရန်ပုံငွေအစီအစဉ်ကနေ ရရှိလာတဲ့ အလှူငွေတွေကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကနေတဆင့် ပခုက္ကူဒေသတော်လှန်ရေးအဖွဲ့တွေဆီ လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013