DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လယ်မြေပြန်ပေးပေမယ့် ပြဿ နာများ ရှိနေဆဲ
DVB
·
May 15, 2014
ဧရာဝတီတိုင်းတွင် လယ်မြေပြန်ပေးပေမယ့် ပြဿ      နာများ ရှိနေဆဲ
Donate to DVB

ဧရာဝတီတိုင်းအတွင်းက သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးတယ်လို့ ဧရာဝတီတိုင်း ၀န်ကြီးချူပ်က ပြောဆိုပေမယ့် လယ်ယာမြေ ပြန်မရသေးတဲ့ တောင်သူတွေနဲ့ မြေယာအပြည့်အ၀ ပြန်လည်မရရှိတဲ့ လယ်သမားတွေ ရှိနေပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ လယ်မြေတွေကို ပြန်ပေးတာ ၇၀ ရာနှုန်းလောက် အောင်မြင်ပြီး စီမံကိန်းတွေအတွက် သိမ်းထားတဲ့မြေတွေ အပေါ်မှာသာ အငြင်းပွားနေကြတာပါလို့ ဧရာဝတီတိုင်း ၀န်ကြီးချူပ် ဦးသိန်းအောင်က ပြာဆိုပါတယ်။

paddyဧရာရွှေဝါလိုကုမ္ပဏီကလည်း လယ်မြေဧက ၃၈၀၀ ပေးပြီးဖြစ်ပြီး ဧက ၅၀၀၀ အထက်မှာပဲ ပြန်ပေးဖို့ ကျန်တော့တာဖြစ်ပြီး လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေ တဘက်နဲ့တဘက် အငြင်းပွားတဲ့ ပြဿ နာတချို့ပဲ ကျန်တယ်လို့ ဆက်ပြောပါတယ်။

အခု ဆက်လက်ဖြစ်ပွားနေတဲ့ လယ်ယာမြေ အငြင်းပွားမှုတွေကို ဦးသိန်းအောင်က အခုလိုပြောပြပါတယ်။

“ဦးအမြင်ကတော့ ၃၀ ရာခိုင်နှုန်း အောင်မြင်တယ်။ ကျန်တဲ့ဟာက အငြင်းပွားနေတုန်းပဲ။ လက်မဲ့နဲ့ လက်ရှိနဲ့ပေါ့။ လုပ်ငန်းရှင်နဲ့ လယ်သမားကြားမှာ ကျန်တယ်ဆိုတာလည်းပဲ အဲ့ဒါလည်း အငြင်းပွားနေတုန်း။ လယ်သမားက ပိုင်ဆိုင်တယ်ပြောတယ်၊ ဦးတို့က စစ်လိုက်တယ်။ အဲဒီမှာ လုပ်ငန်းရှင်က တခါထပ်ပြီးတော့ သူပိုင်ပါတယ် ပြောတော့ ဦးတို့က တခါထပ်စစ်တယ်။ အဲဒီလိုတွေ သွားနေတုန်းရှိတယ်။ လယ်ယာမြေပြန်ပေးတာနဲ့ ပတ်သက်လို့က ၇၀ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းလောက် ဖြေရှင်းထားပြီးသားပါ။”

အခုလို ပြန်ပေးတာ ၇၀ ရာခိုင်နှုန်းလောက်အောင်မြင်ပြီး အငြင်းပွားမှုတချို့သာရှိတယ်ဆိုပေမယ့် လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေ မရရှိသေးတဲ့ သူတွေနဲ့ အပြည့်အ၀ ပြန်မပေးတာတွေ ရှိနေပါတယ်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပြေပုံအုပ်စုက ဥယျာဉ်ခြံမြေပိုင်ရှင် ဦးအောင်မြင့်က လယ်ပြန်ပေးတဲ့အပေါ် လယ်သမားသုံးဆယ်ကျော်မှာ လေးငါးယောက်ပဲကျေနပ်ကြလို့ စာတင်ပြီး တိုင်ကြားဖို့ ရှိတယ်လို့ ပြောပါတယ်။

သူတို့အားလုံး အသိမ်းခံရတဲ့အကွက် ၅ ကွက်က ဧက ၅၀၀ ရှိတဲ့ ဥယျာဉ်ခြံမှာ ဧက ၈၀ ကျော်ပဲ ပြန်ရတယ်လို့ ဆက်လက်ပြောဆိုပြီး စီမံကိန်းနေရာက သူတို့မြေအတွက် နစ်နာကြေးတွေ ရလိုတယ်လို့ အခုလိုပြောပြပါတယ်။

“ကျနော့်ဆီက လယ်သိမ်းခံရတာ ဧက ၃၀ ကျော်ရှိတယ်။ ၈ ဧကပဲ ပြန်ပေးတယ်။ တချို့ဆိုရင် ၅ ဧက ပြန်ပေး၊ တချို့ဆို ၃ ဧက၊ တချို့ဆို အရှင်း ပြန်ပေးဧကထဲ မပါဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်။ တချို့ကလည်း ကျေနပ်တဲ့သူ ၃၊ ၄ ဦးတော့ ရှိတယ်။ ကျနော်အပါအ၀င် အများစုကတော့ လုံးဝ လက်မခံဘူး။ ကျနော်တို့ ပထမ ပြေစာအရ အကုန်ပြန်ရမှ လက်ခံမယ်။”

ပန်းတနော် နတ်ဆက်ကျေးရွာက ဦးဝင်းကြည်ကတော့ နစ်နာကြေး လျော်ကြေးတွေလည်း မရရှိပါသလို လယ်မြေတွေလည်း ပြန်မရပါဘူးလို့ အခုလို ဆိုပါတယ်။

“လယ်ယာမြေ ပြန်မရပါဘူး။ နိုင်ငံတော်က တောင်သူလယ်သမားများကို သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို တောင်သူ့လက်ထဲ ပြန်အပ်ပေးပါဆို ကြားလည်း ကြားရပါတယ်။ သတင်းစာထဲမှာလည်း ဖတ်ကြပါတယ်။ သို့သော်လည်း ကျနော်တို့လက်ထဲ အချိန်အထိ ပြန်မရဘူး။”

ကညင်ကုန်းအုပ်စု နတ်ဆည်ရွာက ၁၈ ဧက အသိမ်းဆည်းခံရတဲ့ ဦးစိုးမြင့်ကတော့ လယ်မြေ အသိမ်းခံရလို့ စားဝတ်နေရေးတွေသာမက ကလေးတွေရဲ့ ပညာရေးတွေပါ ထိခိုက်ခဲ့ရပါတယ်။ မြေယာတွေပြန်ရဖို့ တင်ပြထားပေမယ့် သက်ဆိုင်ရာကတော့ တုံ့ပြန်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ ကျနော်တို့မြေတွေကို အမြန်လိုချင်တဲ့ ပုံစံပဲ တင်ပြချင်တယ်။ ယနေ့အချိန် အထိ တင်ပြထားပေးမယ့် လာရောက် ရှင်းလင်းပေးခြင်း မရှိပါဘူး။”

ဧရာဝတီတိုင်းအတွင်းမှာ လယ်မြေတွေ ပြန်ရလိုမှုနဲ့ လယ်သမားတွေ ထွန်တုန်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးပြီး လယ်သမား ၂၀၀ ကျော်အလုပ်နဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013