DVB Logo
Home
မြန်မာသတင်း
မြေပြိုမည့်အန္တရာယ်ရှိ ဖလမ်းမြို့နယ် ကျေးရွာအချို့ ပြောင်းရွှေ့ရေး ခက်ခဲ
DVB
·
May 15, 2014
မြေပြိုမည့်အန္တရာယ်ရှိ ဖလမ်းမြို့နယ် ကျေးရွာအချို့ ပြောင်းရွှေ့ရေး ခက်ခဲ
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက မြေပြိုအန္တရာယ်စိုးရိမ်ရတဲ့ ကျေးရွာတချို့ဟာ ပြောင်းရွှေ့ဖို့ ကြိုးစားနေပေမယ့် အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာအုပ်စုဟာ မြေပြိုမယ့် အန္တရာယ် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ လိုင်ဇိုးအုပ်စုမှာ ကျေးရွာ ၆ ရွာရှိပြီး လိုင်ဇိုး၊ လျံရိဒ်၊ ထန်ညှား အောက်ရွာ၊ အထက်ရွာ၊ ကားလ်ရောန်ရွာ၊ ဘိုင်းလာရွာတို့ ဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်နဲ့ အိမ်ထောင်စု ၂၅၀ လောက် နေထိုင်ပါတယ်။

[caption id="attachment_56614" align="alignright" width="300"]ချင်းပြည်နယ်ရှိ လှေကားထစ် စိုက်ခင်းအား မြင်တွေ့ရစဉ် ချင်းပြည်နယ်ရှိ လှေကားထစ် စိုက်ခင်းအား မြင်တွေ့ရစဉ်[/caption]

မနှစ်က လိုင်ဇိုး၊ လျံရိဒ်နဲ့ ဇာလိုင်း ရွာတွေ မြေပြိုခဲ့ပြီး အပျက်အစီးများတဲ့ ဇာလိုင်း ရွာကိုတော့ သက်ဆိုင်ရာ အစိုးရနဲ့ တခြားအဖွဲ့အစည်းတွေက ကူညီပြောင်းရွှေ့စေခဲ့ပြီးနောက် အခု ကျန်ရှိတဲ့ရွာတွေ ပြောင်းရွှေ့ရေး အခက်ဖြစ်နေတာပါ။

လိုင်ဇိုးကျေးရွာ ဒေသခံတဦးက “တရားဝင်ပြောင်းတယ်ဆိုတဲ့ တင်ပြစာတော့ မရှိဘူး။ အထက်က ဆောင်ရွက်ပေးတဲ့ဟာပဲ စောင့်နေတယ်။ ပြီးတော့ ပြောင်းရမှာလည်း ငွေရေး ကြေးရေး အခက်အခဲရှိတော့ ကိုယ့်သဘောနဲ့ ပြောင်းလို့ မရဘူး။ အထက်ကလည်း သိထားပြီဆိုတော့ ရွာအရောက်လည်း ကွင်းဆင်းကြည့်ပြီးပြီဆိုတော့ အထက်ဆောင်ရွက်ချက်ကိုပဲ ကျမတို့ စောင့်နေတာ။ အခုမနေရဲတဲ့ အိမ် ၂ လုံးတောင်မှ သူတို့ အမျိုးဆီမှာပဲ တည်းတာ။ အသစ်မဆောက်နိုင်ဘူး။ ပြောင်းလဲ မပြောင်းနိုင်ဘူး” လို့ ပြောပါတယ်။

လိုင်ဇိုးကျေးရွာ ရပ်မိရပ်ဖ ဦးဆင်ဟရဲထန်းက သူတို့ကျေးရွာရဲ့ လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။
“ဘူမိဗေဒ ပညာရှင်တွေကတော့ တရွာလုံး ပြောင်းဖို့ သင့်တယ်လို့ ပြောထားပါတယ်။ ရွာထဲမှာ အက်ကြောင်းတွေ ရှိတယ်ဆိုတော့ သိပ်ပြီးစိတ်ချရတဲ့ နှစ်ရှည်နေဖို့သင့်တဲ့ ရွာမဟုတ်ဘူးလို့ ပြောထားတာရှိပါတယ်။ လောလောဆယ် မိုးကျရင် အန္တရာယ်ရှိနိုင်တဲ့ အိမ် ၃၊ ၄ အိမ်ရှိတယ်။ အဲဒါက မြေနေရာမရလို့၊ ပြီးတော့ စားဝတ်နေရေးက အဆင်မပြေဘူးဆိုတော့ လွယ်လွယ်နဲပ ပြောင်းဖို့ ခက်နေတာပေါ့။ လောလောဆယ်တော့ မပြောင်းနိုင်သေးဘူးပေါ့။”

ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ပြောင်းရွှေ့ချင်တဲ့ သူတွေကို စာရင်းတောင်းပြီး ပြောင်းပေးထားပါပြီလို့ ပြောပါတယ်။

ဦးဆင်ဟရဲထန်းကတော့ ဒီလို စာရင်းကောက်တာကို မသိဘူးလို့ပြောပြီး သူတို့ရဲ့ အခက်အခဲကိုလည်း အခုလိုပြောပါတယ်။

“အခက်အခဲဆိုတာက အိမ် ၁ အိမ်လုံးကို ဖျက်ပြီးတော့ သယ်ဖို့ ကိစ္စကလည်းရှိသေးတယ်။ လက်သမားကိစ္စတို့ ငွေရေးကြေးရေးကလည်း ရှိတယ်။ အများကြီး အမျိုးမျိုးပေါ့လေ။ စားဝတ်နေရေးကလည်း တဖက်ဆိုတော့ တော်တော်တော့ ခက်ခဲတာပေါ့။ အဲဒီ အခက်အခဲကြားမှာ နေ့တိုင်း စားဝတ်နေရေးကို ရင်ဆိုင်ရတယ်ဆိုတော့ ကြာတော့ ကြာဦးမယ် ထင်တယ်။ ရေရှည်သဘောနဲ့ ရည်မှန်းထားတာပေါ့လေ။ အခုချက်ချင်းလက်ငင်းဆိုလိုတဲ့ သဘောနဲ့ ကျနော်တို့ ကိုယ့်အားကိုယ်ကိုးနဲ့ လုပ်လို့ မရဘူးထင်တယ်။”

ချင်းပြည်နယ်က လမ်းတွေဟာလည်း မိုးရာသီမှာ မြေပြိုတဲ့ အန္တရာယ်ကို အမြဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013