DVB Logo
Home
မြန်မာသတင်း
လှော်ကားဥယျာဉ်တွင် မြန်မာ့မျိုးရင်းတိရစ္ဆာန်များ တိုးချဲ့မွေးမြူထိန်းသိမ်းမည်
DVB
·
May 15, 2014
လှော်ကားဥယျာဉ်တွင် မြန်မာ့မျိုးရင်းတိရစ္ဆာန်များ တိုးချဲ့မွေးမြူထိန်းသိမ်းမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ လှော်ကားသဘာဝဥယျာဉ်မှာ မြန်မာမျိုးရင်းတိရစ္ဆာန်တွေ တိုးချဲ့မွေးမြူဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့နဲ့ ၂၂ မိုင်အကွာမှာ တည်ရှိတဲ့ လှော်ကားသဘာဝဥယျာဉ်မှာ မြန်မာ့မျိုးရင်းတိရစ္ဆာန်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ ရှိနေတာပါ။

[caption id="attachment_56601" align="alignright" width="300"] လှော်ကားဥယျာဉ်အတွင်ရှိ သမင်များကို  တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းထွန်းသိန်း) လှော်ကားဥယျာဉ်အတွင်ရှိ သမင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]

မြန်မာ့ပြည်အလယ်ပိုင်းမှာ ကျက်စားတဲ့ ရွှေသမင်လိုမျိုး မြန်မာမျိုးရင်းသတ္တ၀ါတွေကို ထိန်းသိမ်းဖို့ ရှိတယ်လို့ လှော်ကားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးမောင်ကိုက ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာ့မျိုးရင်း တိရစ္ဆာန်တွေကို ဦးစားပေးပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ဖို့ အစီအစဉ် ဖြစ်ပါတယ်။ ဥပမာ - ရွှေသမင် ဆိုလို့ရှိရင် အပူအပိုင်းဒေသမှာ ဖြစ်ထွန်းတဲ့ သတ္တ၀ါလည်း ဖြစ်တယ်။ အဲဒါတွေကို ကျနော်တို့က ဖြည့်ဆည်းချင်တယ်။ ဆတ်တို့၊ ဒရယ်တို့၊ တောဝက်တို့ ဒါတွေက လက်ရှိလည်း ပေါက်ဖွားနေပါတယ်။”

ဇီဝမျိုးစုံမျိုးကွဲပညာရှင် ဒေါက်တာသိန်းအောင်ကတော့ မျိုးရင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ လိုနေပြီး စားကျက်မြေနဲ့ လူတွေ သတ်ဖြတ်စားသောက်မှုကြောင့် မျိုးတုံးနေတယ်လို့ အခုလို ပြောပါတယ်။

“သတ္တ၀ါဆိုတာ ထိန်းနိုင်မှ၊ မထိန်းနိုင်ရင် တဖြည်းဖြည်း လျော့နည်းကုန်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သတ္တ၀ါတွေ မျိုးတုံးရခြင်းက သူတို့ ကျက်စားတဲ့ဒေသတွေ ပျက်စီးတာ ပါတယ်။ သစ်တောတွေ ပြုန်းတီးတာ ပါတယ်။ နောက်တခုက လူတွေကိုယ်တိုင် တိုက်ရိုက် သတ်ဖြတ်ဖမ်းယူ စားသောက်တာတွေ ပါတယ်။”

လှော်ကားဥယျာဉ်က ဧက ၁,၅၄၀ ကျယ်ဝန်းပြီး ဧရိယာအပိုင်း အခြားသုံးခု ခွဲခြားထားရှိပြီး ဟိမ၀န္တာဝက်ဝံ၊ ပသျူးဝက်ဝံ၊ မိကျောင်း၊ လိပ်၊ တောကြောင်၊ မျောက်နဲ့ ငှက် စတဲ့ တိရစ္ဆာန်တွေကို ရေကန်၊ လှောင်အိမ်တွေ အပါအ၀င် သဘာဝအတိုင်း ထိန်းသိမ်းမွေးမြူ ပြသထားပါတယ်။

ဒီဥယျာဉ်ကို ၁၉၈၁ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်ကနေစပြီး ထူးကုမ္ပဏီအုပ်စုက သစ်တောရေးရာဝန်ကြီးဌာနကနေ BOT စနစ်နဲ့ လွှဲပြောင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013