DVB Logo
Home
မြန်မာသတင်း
သီပေါတွင် SSPP/SSA တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
November 26, 2022
သီပေါတွင် SSPP/SSA တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကုန်သာရွာက လားရှိုး- သီပေါလမ်းပိုင်းမှာရှိတယ်။ SSPP နဲ့ စစ်တပ် တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ ရွာသားတွေတော့ သီပေါဘက် တိမ်းရှောင်လာကြတယ်" လို့ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စုအတွင်းက ပြည်သူလူထု ၆၀၀ ဝန်းကျင်ဟာ လုံယွန်းဘုန်းကြီး ကျောင်းနဲ့ သီပေါမြို့ဘက်ကို ထွက်ပြေးသိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"နိုဝင်ဘာ ၂၅ ရက်နေ့က သီပေါမြို့ အောင်မဂ်လာ ဘိုးတော်ကျောင်းတိုက်ကို အိမ်ထောင်စု ၁၀၂ စု၊ လူဦးရေ စုစုပေါင်း ၂၉၈ ဦး၊ မြို့ဟောင်းကျေးရွာမှာ ၂၈ ဦး၊ သီပေါ မဟာစည်ကျောင်းမှာ ၁၀ ဦးကျော်ရောက်လာတယ်။ ကုန်းသာဘက်ကနေ တိုက်ပွဲရှောင်လာကြတယ်" လို့ သီပေါမြို့ခံတဦးက ပြောပါတယ်။

ကုန်းသာကျေးအုပ်စု၊ ကုန်းသာကျေးရွာမှာ နိုဝင်ဘာ ၂၂ ကနေ ၂၄ ရက်နေ့ထိ ရှမ်းနှစ်သစ်ကူးပွဲနဲ့ ကောက်သစ်ဆွမ်းကပ်လှူပွဲကျင်းပအပြီး ၂၅ မနက်ပိုင်းမှာ ပွဲကော်မတီနဲ့ ကျေးရွာသားတွေ ပွဲခင်းသိမ်းနေချိန် စစ်ကောင်စီတပ် ခလရ ၆၈ နဲ့ ခလရ ၂၃ ပူးပေါင်းအင်အား ၈၀ ဝန်းကျင်က ကုန်းသာရွာထဲ ဝင်ရောက်လာလို့ လမ်းလုံခြုံရေးယူထားတဲ့ SSPP/SSA တပ်ဖွဲ့နဲ့ မနက် ၆ နာရီ ၁၅ မိနစ်ကနေ ၇ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သားတစ်ချို့သေဆုံးပြီး  ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ SSPPထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း SSPP/SSA တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက တဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013