DVB Logo
Home
မြန်မာသတင်း
အရာတော်နှင့်ဝက်လက် ကျေးရွာအချို့ မီးရှို့ခံရ၊ နေအိမ် ၁၅၀ ခန့်ဆုံးရှုံး
DVB
·
November 26, 2022
အရာတော်နှင့်ဝက်လက် ကျေးရွာအချို့ မီးရှို့ခံရ၊ နေအိမ် ၁၅၀ ခန့်ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မူးကြီးရွာက နေအိမ်တွေကို နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက စစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ လောက် မီးလောင်ခဲ့ပြီး အသက် ၈၀ ကျော် အဘွားအို ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"စစ်ကြောင်းဝင်လာတော့ ရွာက ပြေးရတယ်။ မီးရှို့သွားတာ ညနေထိပဲ။ ရွာထဲပြန်ဝင်တော့ မီးက ငြှိမ်းမနိုင်တော့ဘူး။ အသက် ၈၀ အဘွားအိုလည်း မပြေးနိုင်လို့ မီးထဲပါသွားရှာတာ။ အခုနေစရာလည်း မရှိတော့ အကုန်ဒုက္ခရောက်ပြီ။" 

ဘုရားပျံရွာမှာ နိုဝင်ဘာ ၂၃ ရက်က ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ မူးကြီးရွာရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်နွားအကောင်ရေ ၈၀ ကျော် မီးလောင်သေဆုံးခဲ့ပြီး သိုလှောင်ထားတဲ့ သီးနှံတွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ဖြစ်ပြီး မူးကြီးရွာကို မီးရှို့ပြီးနောက် လိန်ပင်ရွာမှတဆင့် ဝက်လက်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

မူးကြီးရွာဟာ အိမ်ခြေ ၃၇၅ အိမ်ရှိပြီး မီးဘေးသင့်ပြည်သူတွေအနေနဲ့ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမှာ ခိုကပ်နေကြရသလို လယ်ကွင်းတွေမှာလည်း မိုးကာတွေနဲ့ တဲထိုးနေထိုင်ကြရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက် ၈ နာရီလောက်ကလည်း  အရာတော်မြို့နယ်၊ နွားမသင်းကျေးရွာ စာသင်ကျောင်းဆောင်ကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အရာတော်မြို့ကနေ စစ်ကားအကြီး ၂ စီးနဲ့ ရွာအတွင်း ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ နွားမသင်းကျေးရွာကို အရာတော် ငွေတွင်းရွာက ပျူစောထီးတွေပါ‌ ရောက်နေတယ်လို့ အရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ရှင်းက ပြောပါတယ်။

“ရွာသားတွေ အကုန်အပြင်ရောက်အောင် ကျနော်တို့အဖွဲ့သားတွေ ကယ်ထုတ်နေကြတယ်။ ပိတ်မိသူ မရှိလောက်တော့ဘူး။ လတ်တလောတော့ ရွာကိုပါ မီးရှို့နေပြီ။ စစ်ရေးအခြေအနေ ကတော့ တင်းမာနေပြီလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ရွာတွေကို မီးရှို့တာကို  လက်ပိုက် ကြည့်မနေနိုင်ဘူး။”

လတ်တလော စစ်ကောင်စီတပ်က ရွာထဲမှ ပြန်မထွက်သေးတာကြောင့် ရွာအတွင်း အဖြစ်အပျက် အသေးစိတ်ကို အတိအကျ မပြောနိုင်သေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွာတွေကို စစ်တပ်က ဒေသခံပျူစောထီးတွေနဲ့ ပူးပေါင်းပြီး အကြိမ်ကြိမ် မီးရှို့နေတာကြောင့် ဒေသခံတွေဟာ ရွာထဲမနေရဲတော့ဘဲ တောတောင်တွေနဲ့ တိုင်းရင်းသားအများစုရှိတဲ့ ဖားကန့် ကျောက်မှော်၊ ရွှေမှော်တွေဘက် ပြောင်းရွှေေနေထိုင်သူ တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013