DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားချက် ပြုပြင်ပေးရန် FDA တောင်းဆို
DVB
·
May 14, 2014
ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားချက် ပြုပြင်ပေးရန် FDA တောင်းဆို
Donate to DVB

ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားချက် ပြုပြင်ပေးဖို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့က  ရန်ကုန်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_56347" align="alignright" width="300"]အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ[/caption]

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်တဲ့ မဟာမိတ်အဖွဲ့ရဲ့ သဘောထားကြေညာချက် ၅ ခုကို အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“ကျနော်တို့ FDA မဟာမိတ်အဖွဲ့ဝင်ပါတီတွေကလည်းပဲ အခြေခံဥပဒေ ပြင်ရေးကို လုပ်ဆောင်ပြီး ဖြစ်ပါတယ်။ နောက်တချက်ကတော့ အပစ်အခတ်ရပ်စဲရေးပြီးတဲ့ အခါမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်တဲ့အခါမှာ အားလုံးသော ပါတီတွေ တက်ရောက် ဆွေးနွေးခွင့်ရှိဖို့ တောင်းဆိုထားတာ ပါပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌနေရာယူပြီးတော့ ဆောင်ရွက်တဲ့ အချက် ၆ ချက်ကို အသိအမှတ်ပြု ထုတ်ပြန်တာရှိပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲစနစ် ပြုပြင်ရေးကိုလည်း လိုအပ်တဲ့ပုံစံနဲ့ အချိန်အခါအလျှောက် ပြုပြင်ဖို့ သင့်တော်တယ်ဆိုတာကိုလည်း ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။   ရွေးကောက်ပွဲကော်မရှင်ကို ပြုပြင်ဖို့၊ ပယ်ဖျက်ဖို့ တောင်းဆိုတာရယ်၊ ရွေးကောက်ပွဲစနစ် ပြုပြင်ပေးဖို့ရယ်။”

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ကို တိုင်းရင်းသားနှစ်ပါတီ အပါအ၀င် ဒီမိုကရေစီပါတီ ၈ ခုတိုနဲ့ ဇန်န၀ါရီ ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကြိုကာလက ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီတို့ အများစု ပါဝင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က မေလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မူကြမ်းမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းရဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲဝင်မယ့်သူနဲ့ ကိုယ်စားလှယ် မန်နေဂျာလောင်းတို့သာ မဲဆွယ်စည်းရုံးခွင့်ပြုထားပါတယ်။

ကျန်ပုဂ္ဂိုလ်တို့ မဲဆွယ်ပေးလိုရင် ခရိုင်ကော်မရှင်ရဲ့ ခွင့်ပြုချက်ရမှ ဟောပြောစည်းရုံးခွင့်ပေးမယ်၊ ရွေးကောက်ပွဲမတိုင်မီ တလအလိုကျမှ ဟောပြောစည်းရုံးခွင့်ပြုမယ် စတဲ့အချက်တွေ ပါဝင်နေပြီး ဒီ ညွှန်ကြားချက်မူကြမ်းနဲ့ ပတ်သက်လို့ မေလ ၁၅ ရက်မှာ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013