DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်နှင့် YTU ဝင်ခွင့်ရကျောင်းသား ထက်ဝက်ခန့် ကျောင်းမအပ်
DVB
·
November 25, 2022
ရန်ကုန်တက္ကသိုလ်နှင့် YTU ဝင်ခွင့်ရကျောင်းသား ထက်ဝက်ခန့် ကျောင်းမအပ်
1 / 4
Donate to DVB

၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရရှိခဲ့သူတွေထဲက ကျောင်းသူ၊ ကျောင်းသား တဝက်စီလောက် ကျောင်းမအပ်ကြသေးဘူးလို့ အဲဒီတက္ကသိုလ်တွေက စုံစမ်းသိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေထဲက ရန်ကုန်နည်းပညာတက္ကသိုလ်ရဲ့ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူ အရေအတွက် ၄၀၅ ဦးရှိခဲ့ပြီး ကျောင်းအပ်ထားတဲ့ အရေအတွက်ကတော့ ၂၆၂ ဦးသာရှိကာ ကျန်တဲ့ ၁၄၃ ဦးကတော့ ကျောင်းမအပ်ကြသေးဘူးလို့ အဲ့ဒီတက္ကသိုလ် လက်ထောက်ကထိကတဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်မှာလည်း ပထမနှစ်သင်တန်းအတွက် ဘာသာရပ် ၂၉ ခုကို ဝင်ခွင့်ရ ကျောင်းသားကျောင်းသူ အရေအတွက် စုစုပေါင်း ၇၆၆ ဦးရှိပေမဲ့ ကျောင်းအပ်နှံပြီးတဲ့ အရေအတွက်ကတော့ ၃ ပုံ ၂ ပုံလောက်ပဲရှိသေးပြီး အဲ့ဒီထက် နည်းနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဒီနှစ်အတွက် ပထမနှစ် နေ့သင်တန်းတွေအဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ နိုင်ငံတကာဆက်ဆံရေး၊ မြန်မာမှုပညာ စသဖြင့် ဘာသာရပ်ပေါင်း ၂၉ ခုကို သင်တန်းဖွင့်လှစ် သင်ကြားပေးနေတာပါ။

သင်တန်းသားအများဆုံး လက်ခံသင်ကြားပေးတဲ့ ဘာသာရပ်တွေအနေနဲ့ နိုင်ငံတကာဆက်ဆံရေးပညာ ဘာသာရပ်မှာ သင်တန်းသား ၁၀၄ ဦးနဲ့ အများဆုံး ခေါ်ယူထားပြီး သင်တန်းသား အနည်းဆုံး ၁ ဦးနှုန်းနဲ့ မြန်မာမှုပညာနဲ့ မနုဿဗေဒ ပညာရပ်သင်တန်းတွေကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တို့ရဲ့ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ် နောက်ဆုံးရက်ဟာ နိုဝင်ဘာ ၂၇ ရက်အထိဖြစ်ပေမဲ့ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အပြင်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်ဖို့ နောက်ကျနေသူတွေအတွက် ရက်တိုးမြှင့်သတ်မှတ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ ဆယ်တန်းအောင်မြင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်ရှိပြီး စစ်တပ်အာဏာသိမ်းထားတဲ့ နိုင်ငံရေးအခြေအနေကြောင့် ၂၀၂၂ ခုနှစ်မှာ စာမေးပွဲအောင်မြင်သူတွေကို ၂ နှစ်ကြာပြီးမှသာ ကျောင်းဖွင့်လှစ်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲမဖြေဘဲ ဘဲ သပိတ်မှောက်နေကြတာရှိသလို တက္ကသိုလ် ဆက်မတက်တော့တဲ့ ကျောင်းသားတွလည်း ရှိပါတယ်။

ဒါအပြင် နိုင်ငံတဝန်း တက္ကသိုလ် ပါမောက္ခတွေ၊ ကထိကနဲ့ နည်းပြအပါအဝင် ဆရာ ဆရာမ ထောင်ပေါင်းများစွာဟာလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013