DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံနှင့် တာချီလိတ်တွင် စစ်တပ်သိမ်းမြေ ပြန်ပေးမည်
DVB
·
May 14, 2014
ကျိုင်းတုံနှင့် တာချီလိတ်တွင် စစ်တပ်သိမ်းမြေ ပြန်ပေးမည်
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်ထဲမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ မြေယာတွေ သက်ဆိုင်ရာ ဒေသခံတောင်သူတွေကို ပြန်ပေးတော့မှာ ဖြစ်ပါတယ်။

Military Landရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အစိုးရတပ်က သိမ်းဆည်းထားတဲ့ မြေတွေ မကြာခင် ရက်ပိုင်းအတွင်း ပြန်ရတော့မယ်လို့  ရှမ်းနဲ့ ကယားပြည်နယ်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က ဒီဗွီဘီကို ပြောပါတယ်။

“ရက်ပိုင်းအတွင်း ပေးလိမ့်မယ်။ စစ်ဆေးပြီးနေပြီ။ ကာကွယ်ရေးဝန်ကြီးဌာနလည်း အမိန့်ကျပြီးပြီလို့ သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်က ပြောပါတယ်။ နှုတ်နဲ့လည်း အကြောင်းကြား ပါတယ်။ တပ်က သိမ်းထားပြီးတော့ ဘာမှမလုပ်ဘဲ ဒီတိုင်းထားတဲ့မြေတွေ တောင်သူကို ပြန်ပေးပါမယ်။ တဦးချင်းကြည့်ပြီးတော့မှ သူတို့လွှဲပေးပါမယ်။”

အဲဒီမြေတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း ၃၁၆ က သိမ်းယူထားတဲ့ မြေတွေပါဝင်ပြီး တာချီလိတ်မြို့နယ် ပုန်းထုန်ရပ်ကွက်ထဲမှာ ၁၂၂ ဧက၊ မိုင်းဖုန်းကျေးရွာအုပ်စု လွိုင်ဆီတုန် ဘက်မှာ ၄၀၀ ကျော်နဲ့  ကျိုင်းတုံမြို့နယ်ထဲမှာ ဧက ၇၀၀ ပါတယ်လို့ သူက ဆက်ပြောပါတယ်။

သက်ဆိုင်ရာ မြေပိုင်ရှင်တွေအနေနဲ့  ပိုင်ဆိုင်ကြောင်း အထောက်အထား ဒါမှမဟုတ် လယ်ယာလုပ်တုန်းက အခွန်သွင်းထားတဲ့ သီးနှံခွန်ပြေစာ၊ ပုံစံ ၁၀၅၊ လုပ်ပိုင်ခွင့် စာအုပ်တွေနဲ့အတူ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးရုံးကို တင်ပြရမှာဖြစ်ကြောင်း၊ အဲဒီကတဆင့်  ပြည်နယ်ထွေအုပ်ရုံးက ပြန်ချပေးမယ်လို့  ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

မြေတွေ ပြန်စွန့်တဲ့အခါမှာလည်း အထောက်အထားပြည့်စုံသူ တောင်သူတဦးချင်းဆီ အကြောင်းကြားပြီး ပေးအပ်သွားမယ်လို့  ဆိုပါတယ်။ အထောက်အထား မရှိသူတွေအနေနဲ့တော့ ပြန်ရဖို့ ခဲယဉ်းမယ်လို့ ပြောပါတယ်။

တာချီလိတ်မြို့ခံ စိုင်းအေးက မြေတွေပြန်ရမယ်လို့ မကြာဏသတင်းကြားပေမယ့် လက်တွေ့ရတာ မရှိသေးကြောင်း၊ ရမယ်ဆိုရင်လည်း အထောက်အထားရှိသူ အနည်းစုပဲ ရမှာဖြစ်ပြီး တောင်သူအများစုက မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်ခဲ့တာမှန်ပေမယ့် စာလည်းမတတ်၊ ဥပဒေလည်း နားမလည်၊ စာရွက်ပေါ်က အထောက်အထားတွေလည်း မပြနိုင်ဘူးလို့  ပြောပါတယ်။

စစ်တပ်က သူတို့အတွက် သိမ်းတာအပြင် ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေကိုတဆင့် ပြန်ပြီးချထားပေးတဲ့ မြေတွေလည်းရှိလို့  ပြန်တောင်းဖို့ရာ မလွယ်ကူကြောင်း စိုင်းအေးက ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ဧကပေါင်း ၃ သိန်းလောက်ရှိတဲ့ထဲက ဧက ၁ သိန်းခွဲကျော်ကို ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့နှစ် ဇူလိုင်လ  ပြည်ထောင်စု လွှတ်တော်မှာ   ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးက အသိမ်းဆည်းခံထားရတဲ့မြေတွေ ၂၀၁၄ ခုနှစ် စက်တင်ဘာ နောက်ဆုံးထားပြီး ပြန်ပေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013