DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီအမြောက်တပ်နှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ
DVB
·
November 25, 2022
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီအမြောက်တပ်နှင့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ
Donate to DVB

မုံရွာမြို့နယ်မှာ ဒဏ်ရာရ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၁ စီးကို နိုဝင်ဘာ ၂၄ ရက် မနက် ၁၀ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

တောပုရွာက ထွက်လာတဲ့ Alphard အမျိုးစား အဖြူရောင်ကား ၁ စီးကို ချောင်းဦး - မုံရွာ လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားပေါ်လိုက်ပါလာတဲ့ ပျူစောထီးအဖွဲ့ဝင် ၆ ယောက်နဲ့ အနီးနားရှိ လမ်းသွားနေသူ ၁ ယောက်ပါ ထိခိုက်ဒဏ်ရေရသွားတယ်လို့ Brave Heart Army အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"အရင်ရက်က တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားတဲ့ ပျူ ၂ ကောင်ကို မုံရွာဘက် ဆေးရုံပို့ဖို့ တင်လာတဲ့ကားကို စောင့်ပြီး ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ။ လိုက်လာတဲ့ ၆ ကောင် ဒဏ်ရာရတယ်။ စိတ်မကောင်းစရာက လမ်းသွားနေသူ ၁ ယောက် မိုင်းစ ထိပြီး ဒဏ်ရာရသွားတယ်။ ကျနော်တို့ BHA အဖွဲ့အနေနဲ့ ကာယကံရှင် မိသားစုနဲ့အတူ ကြေကွဲ ဝမ်းနည်းရတယ်။" 

နိုဝင်ဘာ ၂၃ ရက်ကလည်း မုံရွာမြို့နယ် တောပုရွာအဝင်မှာ ပျူစောထီးအဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ်မှာလည်း အုန်းတောကျေးရွာအခြေစိုက် အမြောက်တပ် (လက်နက်ကြီးတပ်)ကို နိုဝင်ဘာ ၂၄ ရက် မနက် ၁၁ နာရီက  ဗုံးပစ်လောင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People's Army To Fight Dictatorship (PAFD) မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

"အုန်းတောအမြောက်တပ်ရဲ့ ဂိတ်ကို ပစ်ခတ်ခဲ့တာပါ။ တပ်‌အပေါက်ဝဂိတ်မှာ ၅ ကောင်လောက် ကင်းတာဝန်ကျနေချိန် တပ်ဝန်းနား အနီးကပ် ပစ်တာ။ ရန်သူ့ဘက်က ထိခိုက် သေပျောက် အခြေအနေ မသိရသေးဘူး။ မဟာမိတ်အဖွဲ့တွေဘက်ကတော့ အထိခိုက်မရှိခဲ့ပါဘူး။" 

ဝက်လက်မြို့နယ်အရှေ့ခြမ်းက ပျူစောထီးအများစုနေတဲ့ ရွာသာရွာကို နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဝက်လက်ဒေသခံ ပြည်သူကာကွယ်ရေး ဗိုလ်ကျားကြီးက “စစ်ကောင်စီက လက်နက် ထုတ်ပေး ထားတဲ့ရွာ။ ယာထွန်တာတောင် သေနတ်ချိတ်ပြီး ထွန်တာ။ နောက် စစ်ကောင်စီ လမ်းကြောင်းတွေကိုလည်း အင်အားဖြည့်ပေးနေတဲ့ရွာကို  လက်နက်ကြီး ၁၀ ချက် ပစ်ခဲ့တယ်။ အဲဒီလို ပစ်လို့ ရွာအပြင်ထွက်ပြီး ကျနော်တို့ အဖွဲ့ကို ပြန်ပစ်လို့ တိုက်ပွဲ ဖြစ်သေးတယ်။ အကျအဆုံး အတိကျ မသိရသေးဘူး။ ကျနော်တို့အဖွဲ့ကတော့ အထိခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။ 

လက်နက်ကြီးနဲ့ ပစ်ခံရတဲ့ ရွာသာရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး NUG ထောက်ခံတဲ့ အိမ်ထောင်စု ၃ စုဟာ ပျူစောထီးတွေရဲ့ ရန်ပြုခံရမှာ ကြောက်တာကြောင့် ထွက်ပြေး နေရတယ်လို့ ဒေသခံ PDF တွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း လက်ရှိ စစ်ရေးအခြေနေအရ စစ်တပ်နဲ့ ပြည်သူ့စစ်အမည်ခံ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ကျေးရွာတွေကို ရွာစဉ်အလိုက် စစ်ကြောင်းထိုးပစ်ခတ်ကာ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013