ယခုလကုန် မြန်မာ့ဆက်သွယ်ရေး နှင့် ဂျပန် KDDI စာချုပ်ချုပ်မည်
DVB
·
May 14, 2014

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း အပါအ၀င် အခြားလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ KDDI နဲ့ အခုလကုန်ပိုင်းမှာ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုတော့မယ်လို့ Telegeography သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူတွေကတော့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ တယ်လီနောနဲ့ အော်ရီဒူး ကုမ္ပဏီ နှစ်ခုနဲ့ ယှဉ်ပြိုင်ဖို့ အကျိုးတူ လုပ်ကိုင်မယ့် နိုင်ငံတကာ ကုမ္ပဏီ တခု ရွေးချယ်နေတယ် ဆိုပေမယ့် နာမည်ကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။
အလားတူ အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရမယ့် ရတနာပုံ တယ်လီပို့ကလည်း အကျိုးတူ လုပ်ငန်း လုပ်ကိုင်မယ့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတခုကို ရွေးချယ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
