DVB Logo
Home
စီးပွားရေး
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မလေးစက်မှုဝန်ကြီး ပြော
DVB
·
May 14, 2014
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မလေးစက်မှုဝန်ကြီး ပြော
Donate to DVB

အကျိုးအမြတ် အခွင့်အလမ်းတွေ အများကြီးရနိုင်တာကြောင့် မလေးရှား ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာကို နောက်ထပ် ရင်းနှီးမြှုပ်နှံရမယ့် နိုင်ငံအဖြစ် သတ်မှတ်ကြစေလိုကြောင်း မလေးရှား နိုင်ငံတကာ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး ဒါတွတ်ဆရီ မက်တာပါမိုဟာမက်က ပြောတယ်လို့ သည်စတားအွန်လိုင်း သတင်းဌာနက ဖော်ပြပါတယ်။

[caption id="attachment_56521" align="alignright" width="300"]Total ရတနာ ကမ်းလွန် သဘောဝ ထုတ်လုပ်ရေးလုပ်ငန်း Total ရတနာ ကမ်းလွန် သဘောဝ ထုတ်လုပ်ရေးလုပ်ငန်း[/caption]

“ထုတ်လုပ်မှုကဏ္ဍ၊ အထူးသဖြင့် ပင်လယ်စာ ထုတ်လုပ်မှုလုပ်ငန်း၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေမှာ စီးပွားရေး အခွင့်အလမ်းတွေ အများကြီး ရှိတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဒီလုပ်ငန်းနယ်ပယ်တွေထဲမှာ ကုမ္ပဏီ ၁၀၀ ကျော် လုပ်ကိုင်နေကြပြီး မလေးရှား ကုမ္ပဏီတွေအနေနဲ့ အပြိုင်အဆိုင်များတဲ့ စီးပွားရေးကွင်းထဲကို နောက်မှ ၀င်ဖို့ စောင့်နေတာထက် အခုအချိန်က စပြီး ၀င်ရောက်လုပ်ကိုင်သင့်တယ်လို့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းဝေး ပွဲကာလမှာ မလေးရှား သတင်းမီဒီယာတွေကို ကုန်သွယ်-စက်မှုဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013