DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ငြိမ်းချမ်းဖွံ့ဖြိုးရေး ဆွေးနွေး
DVB
·
May 13, 2014
ရှမ်းပြည်နယ် ငြိမ်းချမ်းဖွံ့ဖြိုးရေး ဆွေးနွေး
Donate to DVB

ရှမ်းပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အတွက် အကြိုဆွေးနွေးပွဲကို တာချီလိတ်မြို့မှာ ဒီနေ့ ပြုလုပ်နေပြီး ရှမ်းအရှေ့ပိုင်း ၉ မြို့နယ်က ဒေသခံတွေ တက်ရောက်ဆွေးနွေးနေပါတယ်။

SHAN MEETINဒီအလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေး ပါတီတွေဖြစ်တဲ့ SNLD၊ NLD၊ SNDP နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတွေလည်း တက်ရောက်နေကြပါတယ်။

“အဓိကဖြစ်နေတာကတော့ ငြိမ်းချမ်းရေးနဲ့ သတ္တုတူးဖော်ရေးပေါ့ဗျာ။ တာလေက ရွှေတူးဖော်ရေးနဲ့ ကျိုင်းတုံမှာ လုပ်မယ်ဆိုတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကြောင်းကို ဆွေးနွေးဖြစ်ပါတယ်” လို့ SNDP ရဲ့ ရှမ်းအရှေ့ပိုင်း အလုပ်အမှုဆောင်ကော်မတီဝင် ဦးစိုင်းပေါင်းစိန်က ပြောပါတယ်။

မျိုးဆက်သစ် (ရှမ်းပြည်) အဖွဲ့ရဲ့ ဦးဆောင်သူ ကိုမိုးက ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အားနည်းတာကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့မှာ ပြုလုပ်တဲ့ ဒေသဆိုင်ရာ ဆွေးနွေးပွဲကို အဖွဲ့အစည်းကိုယ်စားပြု တာထက် ဒေသကိုယ်စားပြုသူတွေ ပိုပြီးတက်ရောက်ကြတယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ဆွေးနွေးပွဲကို မေလ ၆ ရက်နေ့က လာရှိုးမြို့မှာ ပြုလုပ်ခဲ့ပြီး တောင်ကြီးမြို့မှာတော့ မေလနောက်ဆုံးပတ်မှာ ရှမ်းပြည်နယ်တစ်ခုလုံးအတွက် ပြုလုပ်မှာဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013