DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင်ဆောက်မည့် လျှပ်စစ်စက်ရုံကို လူမှုအဖွဲ့များ ကန့်ကွက်
DVB
·
May 13, 2014
ရေးမြို့နယ်တွင်ဆောက်မည့် လျှပ်စစ်စက်ရုံကို လူမှုအဖွဲ့များ ကန့်ကွက်
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့် ကိစ္စကို ဒေသခံ လူမှုအခြေပြုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် တိုယိုထိုင်းဂရုပ်ဖ် ကုမ္ပဏီက တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓတ်အားပေးစက်ရုံကို မွန်လူငယ်အဖွဲ့အစည်းနဲ့ ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့ကပါ ကန့် ကွက်နေကြတာပါ။

ရေးမြို့နယ် အံဒင်ကျေးရွာနားမှာ အဲဒီစီမံကိန်းလာလုပ်မယ်ဆိုရင် စီမံကိန်းမြေထဲပါမယ့် လယ်ယာမြေဆုံးရှုံးမှု လျော်ကြေးကို လက်ရှိပေါက်ဈေးထက် ၃ ဆပိုပေးမှာဖြစ်ပြီး စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ လမ်းတွေပါ ဖောက်လုပ်ပေးမယ်လို့ ပြီးခဲ့တဲ့လကုန်ပိုင်းက ကုမ္ပဏီတာဝန်ရှိသူတွေ လာရောက်ရှင်းပြသွားပါတယ်။

ဒါပေမယ့် ရွာသားတွေရဲ့ နစ်နာဆုံးရှုံးမှုက ပိုများတာမို့ ကန့်ကွက်တာလို့ ရေးမြို့ဒေသခံလည်းဖြစ်၊ မွန်လူငယ်ဖိုရမ်အဖွဲ့ဝင်လည်းဖြစ်တဲ့ မင်းစိုးသိန်းက ပြောပါတယ်။

“လေ့လာရသလောက်ကတော့ ဆိုးကျိုးတွေ အတော်လေးများပါတယ်။ ကျနော်တို့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှာကို စိတ်ပူတယ်။ ကျနော်တို့ဒေသမှာ ခြံသမားတွေပေါတယ်၊ နောက်ပြီးတော့ ပင်လယ်ကမ်းခြေဆိုတော့လည်း တံငါသည်တွေလည်းပေါတယ်လေ။ မြေဆီလွှာဆုံးရှုံးမှုဖြစ်ရင် ကျနော်တို့ ဘာမှအလုပ်မဖြစ်တော့ဘူး။ ဒေသတခုလုံးထိခိုက်တယ်။
ပင်လယ်ထဲကငါးတွေ သေရင်လည်းသေမယ်၊ ရွှေ့ပြောင်းရင်လည်းပြောင်းမယ်။ သူတို့က လျော်ကြေးပေးမယ်ဆို ဘယ်လောက်ထိပေးနိုင်မှာလို့လဲ။ စီမံကိန်းဧရိယာလောက်ပဲ ပေးနိုင်မှာပေါ့။ တဆက်တစပ်တည်း ဖြစ်နေတဲ့ ဒေသတွေအတွက် ဘယ်လိုနည်းနဲ့မှ သူပေးနိုင်မှာမဟုတ်ဘူး။”

[caption id="attachment_56500" align="alignright" width="300"]လက်ကမ်းစာစောင် လက်ကမ်းစာစောင်[/caption]

အဲဒီလျှပ်စစ်ဓာတ်အား စီမံကိန်းဟာ ကျောက်မီးသွေးကို အသုံးပြုမှာဖြစ်တဲ့အတွက် ထွက်လာတဲ့ အငွေ့အသက်တွေ၊ အညစ်အကြေးတွေဟာ အံဒင်ရွာအပါအ၀င် ရွာပေါင်း ၇ ရွာက လူတွေကို ကျန်းမာရေး ထိခိုက်စေသလို စိုက်ပျိုးရေး၊ ရေလုပ်ငန်း အစရှိတဲ့ သက်မွေးဝမ်း ကျောင်းကိုလည်း ထိခိုက်စေတယ်လို့ သူကဆက်ပြောပါတယ်။

စီမံကိန်းမှာ ပြင်ပက ၀န်ထမ်းနဲ့ အလုပ်သမားတွေ စုစုပေါင်း ၁ သောင်းလောက် ရောက်ရှိ လာမှာဖြစ်တဲ့အတွက် ထောင်ဂဏန်းသာရှိတဲ့ မွန်ဒေသခံ ရွာသားတွေရဲ့ ဘာသာစကား၊ ဓလေ့ထုံးစံ လွှမ်းမိုးခံရမယ့် အရေးလည်း စိုးရိမ်မကင်းဖြစ်တယ်လို့ မွန်လူငယ်အဖွဲ့က ပြောပါတယ်။

စီမံကိန်းသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ဒီလဆန်းပိုင်းက မော်လမြိုင်မှာကျင်းပသွားတဲ့ မွန်လူငယ် ဖိုရမ်မှာလည်း ဆွေးနွေးကန့်ကွက်ခဲ့ကြသလို နောက်ဆက်တွဲ လှုပ်ရှားဖို့ အစီအစဉ်ရှိကြောင်းလည်း မင်းစိုးသိန်းက ပြောပါတယ်။

ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့ကလည်း စီမံကိန်းကို ကန့်ကွက်ပြီး ဒေသခံ ရွာသားတွေအားလုံးကိုလည်း အသိပညာပေးဖို့ လိုအပ်ကြောင်း၊ ဒါကြောင့် ပထမအဆင့်လှုပ်ရှားမှုအနေနဲ့ လက်ကမ်းစာစောင်ပေါင်း ၁ သောင်းကို မေလ ၉ ရက် နေ့က စပြီး ဖြန့်ဝေနေတယ်လို့ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

ဒေသခံရွာသားတွေအားလုံး သဘောပေါက် နားလည်မှ စီမံကိန်းရပ်တံ့ပေးဖို့ သက်ဆိုင်ရာ ကုမ္ပဏီ ၊ ပြည်နယ်အစိုး ရ နဲ့ ပြည်ထောင်စုအစိုးရတွေဆီ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် မြေဧကပေါင်း ၅၀၀ ကျော်အသုံးပြုမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀၀ ရင်းနှီးမြှုပ်နှံကာ၊ နှစ် ၃၀ ကြာ လာရောက်လုပ်ကိုင်မယ့် အကြောင်းကို ကုမ္ပဏီတာဝန်ရှိသူတွေရော၊ မွန်ပြည်နယ် လျှပ်စစ်စွမ်းအားဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေပါ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အံဒင်ရွာမှာ လာရောက်ရှင်းလင်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013