DVB Logo
Home
မြန်မာသတင်း
ရွှေဘိုနှင့်ခင်ဦးက ရွာ ၆ ရွာထက်မနည်း စစ်တပ် မီးရှို့၊ အိမ်ရာချီ ဆုံးရှုံး
DVB
·
November 21, 2022
ရွှေဘိုနှင့်ခင်ဦးက ရွာ ၆ ရွာထက်မနည်း စစ်တပ် မီးရှို့၊ အိမ်ရာချီ ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ခင်ဦးမြို့နယ်က ရွာတွေကို နိုဝင်ဘာ ၂၀ ရက်က စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် အိမ်ရာနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ အဲဒီရွာနေသူတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ် လိပ်ရကုန်းရွာမှာ တညအိပ် စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နောက်ရက် မနက်ပိုင်းမှာ စစ်ကြောင်း ပြန်လည်ထွက်ခွာခါနီး အိမ်တွေကို မီးရှို့သွားရာ နေအိမ် ၂၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ခင်ဦးဘက်ကနေ စစ်ကြောင်းထိုးလာတာ။ ရွာက ပြည်သူတွေကတော့ သူတို့ ပစ်ခတ်ပြီး စဝင်ကတည်းက ထွက်ပြေးခဲ့ရတာပါ။ ရွာထဲ တညအိပ်ပြီး မနက်ပြန်အထွက်မှာ မီးရှို့သွားကြ တာ။ လက်နက်ကြီးမှန်လို့ ရွာထဲက ဒေသခံ ၄ ဦး သေတယ်လို့ သိထားတယ်။"

လက်နက်ကြီး ထိမှန်မှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးတယ်လို့ ပြောဆိုမှုတွေရှိပေမဲ့  ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီနောက် လိပ်ရကုန်းကျေးရွာကို မီးရှို့ပြီး ပြန်လည်ထွက်သွားတဲ့ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် တောင်ပိုင်းက လက်ပံကြီးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေအလုံး ၁၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်း ၂ ကြောင်းခွဲကာ ခင်ဦးမြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့သိရပြီး တရက်တည်းမှာပဲ ခင်ဦးမြို့နယ်မြောက်ပိုင်းက နှဲတွင်း၊ ဆီဆုံလေး၊ မဒေါင်းကြီးနဲ့ ရွှေကာရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နှဲတွင်းရွာမှာ နေအိမ် ၂ လုံး၊ ဆီဆုံလေးရွာမှာ နေအိမ် ၁၀ လုံး၊ မဒေါင်းကြီးရွာမှာ နေအိမ်အလုံး ၁၁၀ ကျော်နဲ့ ရွှေကာရွာမှာ နေအိမ် ၁၀၀ ကျော် မီး‌လောင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်ကလည်း ခင်ဦးမြို့နယ် ပေါင်းလဲကုန်းရွာမှာ စစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ခဲ့ပြီး ဒေသခံ‌ ၁ ယောက်လည်း မီးရှို့သတ်ဖြတ်ခံ ရတယ်လို့ သိရပါတယ်။

အခုလို စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့တာတွေကြောင့် ရွှေဘိုနဲ့ ခင်ဦးမြို့နယ်က ကျေရွာနေ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေ တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013