DVB Logo
Home
မြန်မာသတင်း
ဘိလပ်မြေစက်ရုံကိစ္စ ပြည်သူ့ဆန္ဒ အလေးထားမည်ဟု ကေအန်ယူပြော
DVB
·
May 13, 2014
ဘိလပ်မြေစက်ရုံကိစ္စ ပြည်သူ့ဆန္ဒ အလေးထားမည်ဟု ကေအန်ယူပြော
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ရွာနားမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံနဲ့ပတ်သက်ပြီး ဒေသခံတွေ လက်မခံရင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောဆိုလိုက်ပါတယ်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့အဖွဲ့ဟာ ကရင်ပြည်နယ် လူထုနဲ့ ဘာအံမြို့မှာ မနေ့က တွေ့ဆုံစဉ် ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဘားအံမြို့နယ် မိကရင်ရွာနားမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံနဲ့ပတ်သက်ပြီး မိကရင် ဒေသခံအနေနဲ့ လက်မခံဘဲ ကေအန်ယူတပ်မဟာ ၁ က ဘာကြောင့် လက်ခံရလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ အခုလို ဖြေဆိုလိုက်တာလို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအန်ယူတပ်မဟာ ၁ ရဲ့ ဆက်ဆံရေးတာဝန်ခံ ဦးကျော်မြင့်က စက်ရုံတည်ဆောက်မယ့်ကိစ္စ ပြည်သူက သဘောတူဆန္ဒရှိတယ်ဆိုရင်  သူတို့အနေနဲ့ ကန့်ကွက်မှုမရှိကြောင်း လက်မှတ်ရေးထိုးခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းတုန်းက ဘိလပ်မြေစက်ရုံတည်ဆောက်မယ့် Myanmar Jidong Cement ကုမ္ပဏီက စက်ရုံတည်ဆောက်ဖို့ ဒေသခံတွေက သဘောတူလိုက်ပြီဆိုပြီး သတင်းစာရှင်း လင်းပြောဆိုခဲ့ပါတယ်။

ဦးကျော်မြင့်ကတော့  ပြည်သူတွေ ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာ တိကျတဲ့အဖြေအခုချိန်ထိ မရှိသေးဘူးလို့ ပြောပါတယ်။

ကရင်ပြည်နယ် အစိုးရကတော့ ဒီဘိလပ်မြေစက်ရုံဟာ ဒေသခံပြည်သူအပေါ်မှာ မူတည်ပြီး ဒေသခံက သဘောတူတယ်ဆိုရင် သူတို့နေနဲ့ ခွင့်ပြုမှာဖြစ်ပြီး သဘောမတူရင်တော့ ခွင်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်ကို Myanmar Jidong Cement ကုမ္ပဏီက ၁ ရက် တန် ၅ ထောင် ထုတ်လုပ်နိုင်မယ့် ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

    ကုမ္ပဏီဘက်ကတော့ စက်ရုံတည်ဆောက်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းအောင်နဲ့ ဒေသခံတွေနစ်နာမှုမရှိအောင် အနီးတဝိုက် ကျေးရွာတွေကို ရေ၊ မီး၊ ပညာ ရေး စတဲ့ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးသွားမှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်အောင်လည်း လုပ်ဆောင်ပေမယ်လို့ ကတိပြုထားပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013