DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်-ရေးကားလမ်းတွင် စစ်တပ်နှင့် PDF သုံးကြိမ် တိုက်ပွဲဖြစ်
DVB
·
November 20, 2022
သံဖြူဇရပ်-ရေးကားလမ်းတွင် စစ်တပ်နှင့် PDF သုံးကြိမ် တိုက်ပွဲဖြစ်
Donate to DVB

မွန်ပြည်နယ်  သံဖြူဇရပ်-ရေးကားလမ်းဝန်းကျင်က ရွာတွေနားမှာ နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်နဲ့  တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မနေ့မနက် ၉ နာရီခွဲကျော်လောက်က ရေးမြို့ကနေ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၇ စီးကို  ကွမ်ကြိုက်နဲ့  ကနင်ကမော့ရွာကြားမှာ ပထမအကြိမ် ချုံခို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  မနက် ၁၁ နာရီကျော်လောက်မှာတော့ သံဖြူဇရပ်မြို့ကနေ လမ်းကင်းလာတဲ့ စစ်ကားသေး ၁ စီးနဲ့  ဝဲခမီကျေးရွာနားမှာ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်ခဲ့သလို နေလယ် ၁ နာရီဝန်းကျင်မှာ ရေးမြို့ ကနေ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၇ စီးကို ဘေးလမိုင်းရွာနားမှာ တတိယအကြိမ် ချုံခိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ခိုက်မှု သုံးခုမှာ စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှု ၃ ကြိမ်အတွင်း ဒေသခံပြောက်ကျားအဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုကိုတော့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။

အခုလို သံဖြူဇရပ်-ရေးကားလမ်းပေါ်မှာဖြစ်ခဲ့တဲ့ မကြာခဏ တိုက်ခိုက်ခံရမှု၊ သေဆုံး ဒဏ်ရာမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသလို သီခြား အတည်လို့လည်း မရခဲ့ပါဘူး။

မနေ့ကအဲဒီလမ်းပိုင်းမှာ ခရီးသွားခဲ့သူ တဦးက “စစ်တပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်နေတယ် ကြားတယ်။ ခရီးသွားကားတွေ ပိတ်မိနေတယ်။ စစ်ကား ၂ စီးလောက် ပျက်စီးတာ မြင်ရတယ်။ ထိခိုက် သေဆုံးတာတော့ ရှိနိုင်တယ်။ လမ်းက ညလောက်မှ ပြန်ပြီးသွားလာလို့ရတယ်” ပြောပါတယ်။

သံဖြူဇရပ် - ရေး ကားလမ်းပေါ်ရှိ ပိန္နဲတော၊ ငှက်ပျောတောကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေ၊  သံဖြူဇရပ် - ဘုရားသုံးဆေလမ်းပေါ်က ဇီးနှစ်ပင်၊ ဦးခွေး(ဒေါ်ယိမ်း)ရွာ ၊ရဲတံခွန် ကျေးရွာနဲ့ အနီးအနားရှိရာဘာခြံတွေနဲ့ ဂျပန်တောင်ခြေဝန်းကျင်က ရာဘာခြံတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၂၀ လောက် ပြီးခဲ့တဲ့ရက်တွေက ဖမ်းဆီးခံထားရပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းပေါ်က  ဦးခွေး(ဒေါ်ယိမ်း) ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရပြီး ရွာသားအများစုကတော့ ရွာကို မပြန်လာရဲကြသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013