DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ
DVB
·
May 13, 2014
ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ
Donate to DVB

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ အချက် ၅ ချက်ကို သဘော တူညီခဲ့ပါတယ်။

10172733_10152460185548594_2061161781916765815_nဒီကနေ့ ဆွေးနွေးပွဲမှာ အဓိက အချက် ၂ ချက်ဖြစ်တဲ့ ၂၀၁၃ အောက်တိုဘာနောက်ပိုင်း မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပြီးခဲ့တဲ့နှစ်က နှစ်ဖက်အကြား သဘောတူညီထားတဲ့အချက်တွေ ကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာတော့ အချက် ၅ ချက်ပါတဲ့ ထုတ်ပြန်ချက်ကိုပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့ မနှစ်အောက်တိုဘာ လ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲတုန်းက သဘောတူခဲ့တဲ့ ထိတွေ့ရင်ဆိုင်မှုတွေ  ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးယန္တရားဖွဲ့စည်းဖို့ ကိစ္စအပါအ၀င် အချက် ၅ ချက်ကို သဘောတူ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“မူအားဖြင့် ၁ က တော့ အစည်းအဝေး လုပ်ခဲ့တယ်။ အဓိက အချက် ၂ ချက်ကို ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေးကို ဦးတည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဟန့်တားစေတဲ့ ဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ဦးစားပေး ဆွေးနွေးတယ်။ နံပါတ် ၃ ကတော့ ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့ သဘောတူညီချက်ထဲမှာပါတဲ့ 'ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးယန္တရား' ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူတယ်။ ၄ ကတော့ နှစ်ဦးနှစ်ဖက် နားလည်မှုများကို ပျက်ပြားစေသည့် မီဒီယာများ၏ လွဲမှားစွာ ရေးသားဖော်ပြမှုများကို ဆွေးနွေးခဲ့ကြတယ်။ ဒါကတော့ ဆွေးနွေးချက်တခုအနေနဲ့ ထည့်ထားပါတယ်။ နံပါတ် ၅ ကတော့ နောက်တကြိမ်အစည်းအဝေးကျင်းပဖို့အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်ကြမည်ဆိုတော့ နောက်တကြိမ် အစည်းအဝေးရှိနေတယ်ဆိုတဲ့သဘောပါ။”

ဒီဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ကပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ၅ ဦးတက်ရောက်ခဲ့ပြီး ကေအိုင်အိုဘက်ကတော့ ဦးဆွမ်လွတ်ဂမ်ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း အစိုးရတပ်အရာရှိတွေအပါအ၀င် လွှတ်တော်ကိုယ်စား လှယ်တွေ၊ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့  လေ့လာစောင့်ကြည့်သူတွေ တက်ရောက်ခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013