DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဦးဆုံး လိင်တူချစ်သူ ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်
DVB
·
May 12, 2014
မြန်မာနိုင်ငံ၏ ပထမဦးဆုံး လိင်တူချစ်သူ ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်
Donate to DVB

မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော လိင်တူချစ်သူ ဓာတ်ပုံပြပွဲ ပြိုင်ပွဲကို ရန်ကုန်မြို့ အမှတ် ၄ ပါရမီလမ်းက witness yangon documentary အနုပညာခန်းမမှာ ပြုလုပ်နေပါတယ်။

[caption id="attachment_56430" align="alignright" width="300"]ပြိုင်ပွဲဝင် ဓာတ်ပုံ ပြိုင်ပွဲဝင် ဓာတ်ပုံ[/caption]

လိင်တူခြင်း ချစ်တဲ့သူတွေအတွက် အဓိကရည်ရွယ်ထားတဲ့ ဓာတ်ပုံပြပွဲပြိုင်ပွဲအဖြစ် မေလ ၁၁ နေ့ကနေ ၁၈ ရက်နေ့အထိ Witness Yangon Documentary အနုပညာခန်းမမှာ ကျင်းပနေတာပါ။

ဓာတ်ပုံပညာရှင်ပေါင်း ဆယ်ယောက် ရိုက်ကူးထားတဲ့ လိင်တူချစ်သူတွေရဲ့ ပုံလေးဆယ်ကျော်ကို အဲ့ဒီခန်းမမှာ ခင်းကျင်းပြသထားပါတယ်။

မြန်မာပြည်ကလိင်တူ ချစ်သူတွေရဲ့ပုံတွေ အပါအ၀င် ဗီယက်နမ်က လိင်တူချစ်သူတွေရဲ့ပုံတွေကို ပါရိုက်ကူးထားတဲ့ နိုင်ငံခြားသူဓာတ်ပုံဆရာမတယောက်ရဲ့ ပုံတွေလည်း ပြသထားပါတယ်။

လိင်တူချစ်သူတွေရဲ့ ဂုဏ်ယူစရာအဖြစ်အပျက်တွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီဓာတ်ပုံပြပွဲပြိုင်ပွဲကိုလုပ်တာလို့ ပွဲစီစဉ်တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပြပွဲဖွင့်တဲ့ရက်မှာ လာကြည့်ကြတဲ့ လိင်တူချစ်သူတွေများစွာရှိကြောင်း၊ ဒီလိုဖြစ်ရပ်တွေဟာ အထင်သေးရှုတ်ချစရာမဟုတ်ဘဲ ဂုဏ်ယူစရာဖြစ်ကြောင်း၊ လူသားချင်းဆိုတာ ပိုမိုနားလည်လာကြပြီဖြစ်ကြောင်း၊ ပြသထားတာတွေကို လာကြည့်တာက တိုးတက်မှုတခုဖြစ်လာကြောင်း ဆက်ပြောပါတယ်။

ဒီလိုပြပွဲမျိုးတွေ၊ ပညာပေးတာမျိုးတွေ လုပ်ခြင်းကြောင့် လိင်တူချစ်သူတွေကို ပိုမိုနားလည်လာနိုင်မယ်လို့လည်း ပြောပါတယ်။

မေလ ၁၁ နေ့မှာ လုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲရဲ့ အဖွဲ့လိုက်ပြိုင်ပွဲမှာ ဟောင်စာရဲ့ လိင်တူချစ်သူနှစ်ယောက်ဖြစ်တဲ့ ကိုတင်ကိုနဲ့ ကိုမျိုးမင်ထက်တို့ရဲ့ နေထိုင်မှုပုံက ပထမဆုရရှိသွားပါတယ်။

ပန်းချီပြပွဲကို လာကြည့်တဲ့ သူတယောက်ကတော့ ဒီလိုပြပွဲမျိုး မြန်မာပြည်မှာ လုပ်နိုင်တာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။

လိင်တူချစ်သူပေါ်မှာ မုန်းတီးမှုဆန့်ကျင်ရေးနေ့ဖြစ်တဲ့ မေလ ၁၇ ရက်နေ့မှာလည်း လိင်သူချစ်သူတွေကို အထင်အမြင်မသေးဖို့ လှုံ့ဆော်တာတွေနဲ့ လက်ကမ်းစာဆောင်ဝေတာတွေကို ပြည်သူ့ဥယျာဉ်မှာ လုပ်သွားမှာဖြစ်ပြီး အမေရိကန်စင်တာမှာလည်း လိင်တူချင်းချစ်ခြင်း ဆိုတဲ့အကြောင်းအရာပေါ်မှာ ဆွေးနွေးတာတွေ လုပ်ဖို့လည်း ရှိနေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013