DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ တွေ့ဆုံရန် မြစ်ကြီးနားရောက်ရှိ
DVB
·
May 12, 2014
ကေအိုင်အိုနှင့် အစိုးရ တွေ့ဆုံရန် မြစ်ကြီးနားရောက်ရှိ
Donate to DVB

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေဖြစ်နေ တဲ့ကိစ္စကို ဆွေးနွေးအဖြေရှာဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

[caption id="attachment_56417" align="alignright" width="300"]၀န်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ မြစ်ကြီးနားကို ရောက်ရှိစဉ် (ဓာတ်ပုံ - Nyo Ohn Myint) ၀န်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ မြစ်ကြီးနားကို ရောက်ရှိစဉ် (ဓာတ်ပုံ - Nyo Ohn Myint)[/caption]

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မေ ၁၃ ရက်နေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးဖို့ နှစ် ဖက်ခေါင်းဆောင်တွေနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေ လည်း မြစ်ကြီးနားကို ရောက်ရှိနေပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်ကိုယ်စားလှယ်တွေကတော့ ညနေ ၄ နာရီလောက်က ဖြစ်ကြီးနားကို ရောက်ရှိပြီး လူထုထောင်ချီကြိုဆိုခဲ့ကြတယ်လို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားကို ဖိတ်ကြားထားပေမယ့် မစ္စတာဗီဂျေးနာဘီးယား မတက်ရောက်နိုင်ဘဲ သူ့ရဲ့အတွင်းရေးမှူး မစ္စမာရီယာ တက်ရောက်မယ်လို့ ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့က စီတာပူ မနောကွင်း မကြွယ်ခန်းမမှာ ဆွေးနွေးဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့လည်း ဦးလမိုင်ဂွန်ဂျာက  ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲတုန်းက  တိုက်ခိုက်ပစ်ခတ်မှု ဆက်မဖြစ်အောင် ဆက်လက်ညှိနှိုင်းဖို့၊ ထိတွေ့ရင်ဆိုင်မှုတွေ  ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းဖို့၊ နယ်မြေစွန့်ခွာ ရွှေ့ပြောင်းနေထိုင်တွေ ပြန်လည်နေရာချရေး  စီမံချက် ပူးတွဲရေးဆွဲဖို့၊ ကချင်ပြည်နယ်ထဲက အရေးပါတဲ့ ဆက်သွယ်ရေး လမ်းတွေကို နှစ်ဘက်ညှိနှိုင်းပြီး အမြန်ပြန်ဖွင့်လှစ်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ဒီသဘော တူညီချက်တွေကို ကုန်လွန်ခဲ့တဲ့ ခြောက်လအတွင်း လိုက်ပါအကောင် အထည်ဖော်နိုင်မှု အားနည်းမှုအကျိုးဆက်အဖြစ်  တိုက်ပွဲတွေပြန်ဖြစ်ပြီး ဒုက္ခသည်ရာပေါင်းများစွာ ထပ်မံထွက်ပြေးခဲ့ကြရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013