DVB Logo
Home
မြန်မာသတင်း
အာဆီယံ ပြည်သူ့ ဖိုရမ် ဖျက်သိမ်း
DVB
·
May 12, 2014
အာဆီယံ ပြည်သူ့ ဖိုရမ် ဖျက်သိမ်း
Donate to DVB

အာဆီယံ ပြည်သူ့ဖိုရမ်ကို ဖြစ်မြောက်အောင်လုပ်တဲ့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကို အာဆီယံနိုင်ငံ အချို့က လက်မခံတဲ့ အတွက် အာဆီယံ အစည်းအဝေး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အာဆီယံ ပြည်သူ့ ဖိုရမ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အာဆီယံ အရပ်ဘက် အဖွဲ့အစည်းတွေက သက်ဆိုင်ရာ နိုင်ငံအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံက ခေါင်းဆောင်တွေက ငြင်းပယ်ခဲ့ပြီး အစိုးရ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့တဲ့အတွက် မေလ ၁၁ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်း ညီလာခံ/ အာဆီယံ ပြည်သူ့ဖိုရမ်(ACSC/APF) ကို ဖျက်သိမ်းလိုက်တာပါ။

acsc-apfမြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင် တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ မိနစ် ၃၀ ကြာ မျက်နှာစုံညီ တွေ့ဆုံကြမယ့် ဒီဖိုရမ်ကို ကျင်းပဖို့ လွန်ခဲ့တဲ့လပိုင်းတွေကတည်းက စီစဉ်ခဲ့ကြပါတယ်။

ဒါပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေက ရွေးချယ်တဲ့ကိုယ်စားလှယ်ကို နိုင်ငံ ၃ နိုင်ငံက ငြင်းပယ်ပြီး အစားထိုးဖို့ ကြိုးစားချက်ဟာ အာဆီယံ ပြည်သူ့ဖိုရမ် ကျင်းပရေး ဒေသတွင်း ဦးဆောင် ကော်မတီရဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့ အတွက် အစည်းအဝေးကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ACSC/APF ကျင်းပရေးဒေသတွင်း ဦးဆောင်ကော်မတီက ကိုဂျိုးဇက်က ပြောပါတယ်။

“ပြည်သူ့ဖိုရမ်ဘက်ကနေပြီး တကယ်လို့ လက်မခံပေးဘူးဆိုရင်လည်း ရတယ်။ ၇ ယောက်နဲ့ပဲ သွားတွေ့မယ်ပေါ့။ ဒါပေမယ့် ထိုင်ခုံ ၃ နေရာ လွတ်သွားတာကိုတော့ လွတ်သွားတဲ့အတိုင်း ထားပေးပါလို့ ကျနော်တို့ တောင်းဆိုတယ်။ အဲဒါကို လက်မခံဘူး။ သူတို့အစဉ်အလာမှာ အဲလို ထိုင်ခုံအလွတ်ထားတာမရှိဘူးဆိုပြီး သူတို့လူတွေနဲ့သူတို့ ပြန်ပြီး အစိုးရဘက်က ရွေးချယ်ထားတဲ့လူတွေနဲ့ အစားထိုးဖြည့်မယ်ပေါ့။ အဲမှာ ကျနော်တို့ မူဝါဒါတွေနဲ့ အရမ်းကိုကွဲလွဲသွားလို့ အစည်းအဝေးမသွားတော့ဘူးဆိုပြီး အားလုံးသဘောတူချက်နဲ့ ဆုံးဖြတ်လိုက်ကြတာပါ။”

ဒီလို မျက်နှာစုံညီ အစည်းအဝေးကျင်းပဖို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ အာဆီယံ ပြည်သူ့ဖိုရမ် ကျင်းပရေး ဒေသတွင်း ဦးဆောင်ကော်မတီက အတတ်နိုင်ဆုံး စီစဉ်ခဲ့ပေမယ့် ပျက်ကွက်ခဲ့တဲ့ အတွက် နစ်နာဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်လို့ အာဆီယံ ပြည်သူ့ဖိုရမ် ကျင်းပရေး ဒေသတွင်း ဦးဆောင်ကော်မတီဝင် ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ အစိုးရလက်ထက်မှာ အနှစ်သာရရှိတဲ့ မျက်နှာစုံညီ တွေ့ဆုံပွဲတခု လုပ်ပေးဖို့ကြိုးစားခဲ့တာ မဖြစ်လို့ ကျနော်တို့အတွက် အခွင့်အလမ်းတခု ဆုံးရှုံးတာပါပဲ။ အစိုးရနဲ့ လူထုအခြေပြုအဖွဲ့တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတာ ပြနိုင်ဖို့က ဒါကတချက်ဖြစ်ပါတယ်။ နောက်တခုက အာဆီယံအနေနဲ့ သူ့ရဲ့ ပြောထားတဲ့အတိုင်း လူထုအခြေပြုတဲ့ အာဆီယံဖြစ်ဖို့အတွက် ရည်မှန်းချက်ထားပေမယ့် တကယ်တမ်းကျရင် လူထုက တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာပြလိုက်တာ အာဆီယံရဲ့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ကျနော်တို့ သံသယတွေ ရှိစရာ ဖြစ်သွားတာ တွေ့ရပါတယ်။ နောက်တခုက အာဆီယံပြည်သူ့ဖိုရမ်ကို ဒီနှစ်က လူပေါင်း ၃ ထောင်ကျော် တက်ပါတယ်။ အဲ ၃ ထောင်ကျော်က အာဆီယံ ၁၀ နိုင်ငံစလုံးက အသံနဲ့ တင်ပြချက်ကို ကိုယ်စားပြုပါတယ်။ အဲဒီတင်ပြကိုယ်စားပြုတဲ့အချက်တွေကို တနေရာတည်းမှာ ခေါင်းဆောင် ၁၀ ဦးအနေနဲ့ နားထောင်ပြီး အမှန်တကယ်ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေ ရှာကြံဖို့ အခွင့်အလမ်းတွေလည်း ဆုံးရှုံးသွားတယ်လို့ ပြောချင်ပါတယ်။”

ဧပြီ ၈၊ ၃၀ ရက်တွေက ဦးဆောင်ကော်မတီက နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာနနဲ့ တွေ့ဆုံတုန်းက အဓိပ္ပာယ်ပြည့်ဝသော အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု၊ အာဆီယံပြည်သူများ၏ အသံများကို မြှင့်တင်ရေး၊ အပြန်အလှန် လေးစားမှုနဲ့ ကိုယ်ပိုင်ရွေးချယ်နိုင်ခွင့်တို့ကို ရှင်းလင်းခဲ့ပါတယ်။

၂၀၀၅ ခုနှစ် မလေးရှားနိုင်ငံမှ စတင်ပြီး အာဆီယံဒေသတွင်းရှိ ဒေသများအားလုံးမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အမျိုးမျိုးရဲ့ အသံတွေကို စုစည်းတင်ပြနိုင်ဖို့ ဒီဖိုရမ်ကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မနှစ်တုန်းက ဘရူနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ်ကလည်း ဒီလို မျက်နှာစုံညီ ဆွေးနွေးပွဲ ကျင်းပဖို့ ပျက်ကွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013