
စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလကျော်လွန်တဲ့အထိ လာရောက်ပူးပေါင်း အလင်းဝင်မဲ့သူတွေကို ကြိုဆိုမှာဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံသွားမယ် လို့ စစ်အာဏာရှင်အစိုးရပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
ဇွန် ၃၀ ရက် ဒီနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်အစိုးရရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောဆို လိုက်တာဖြစ်ပြီး အားလုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့လည်းဆို ပါတယ်။
ဒါ့အပြင်၊ Blacklist စာရင်းမှာ ပါဝင်နေသူအများစုဟာ ခွင့်ပြုချက်မရှိဘဲ တာဝန်ပျက်ကွက်ခဲ့တဲ့ ဝန်ထမ်းတွေဖြစ်ပြီး စာရင်းက ဖြေလျော့ဖို့ဆိုရင် သက်ဆိုင်ရာဌာနတွေနဲ့ သက်ဆိုင်ရာမြန်မာသံရုံး တွေက တဆင့်လျောက်ထားနိုင်တယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာလည်း Blacklist စာရင်းကနေ လူပေါင်း ၇,၀၀၀ ကျော်ကို စိစစ် ဖြေလျော့ပေးခဲ့တယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
စစ်အာဏာရှင်က တဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကြောင်း ပြောဆိုနေပေမဲ့ ဒီကာလ အတွင်းမှာပဲ တိုက်ပွဲတွေနဲ့အတူ စစ်ကြောင်းထိုး၊ ရွာတွေကိုမီးရှို့၊ လူသစတ် အရပ်သားပြည်သူတွေ ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မပျက် ဆက်တိုက် လုပ်ဆောင် နေပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေနဲ့ အရပ်သားတွေကို အဓမ္မတပ်သားစုဆောင်းပေါ်တာဆွဲတာတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။










