DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဂီတဖြင့် ရန်ပုံငွေရှာ
DVB
·
May 12, 2014
စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဂီတဖြင့် ရန်ပုံငွေရှာ
Donate to DVB

ကချင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ရွှေသံစဉ်၊ ပန်းရဲ့လမ်းနဲ့ The Action Times ဖောင်ဒေးရှင်း အဖွဲ့တွေက ပလက်ဖောင်း ဂီတ ဖျော်ဖြေပွဲတွေကို မေ ၁၁ ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြီး ရန်ပုံငွေ ရှာဖွေနေပါတယ်။

1939933_499868826808248_1026856449266013552_nကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုက္ခသည်စခန်းတွေမှာ လိုအပ်ချက်တွေများလာတယ်လို့ အကြောင်းကြားခဲ့တဲ့အတွက်  ဂီတအဖွဲ့တွေနဲ့ တိုင်ပင်လုပ်ဆောင်ခဲ့တာလို့ ပန်းရဲ့လမ်းအဖွဲ့က အဆိုတော် ကိုသားထွေးက ပြောပါတယ်။

မန္တလေး၊ မေမြို့၊ မူဆည် စတဲ့မြို့တွေကိုသွားရောက်ပြီး ဂီတနဲ့ဖျော်ဖြေ အလှူခံမှာဖြစ်ပြီး ဇွန်လမှာ တော့ ရရှိလာတဲ့ ငွေတွေကို မန့်ဝိန့်ကြီး အနီးက ဒုက္ခသည်စခန်း ၆ ခုကို သွားရောက်ကာ ထောက်ပံ့သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ပန်းရဲ့လမ်းအဖွဲ့က ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့အတွက် ဂီတနဲ့ ဖျော်ဖြေ အလှူခံလာတာ ၂ နှစ်ပြည့်မြောက်လာပြီဖြစ်ပါတယ်။

ရန်ကုန်မှာမြို့တွင်းမှာရှိတဲ့ စိတ်တိုင်းကျ၊ သုံးပန်လှ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ သွားရောက် ဖျော်ဖြေ အလှူခံနေတယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေက တရုတ်-မြန်မာ နယ်စပ်တလျောက်နဲ့ တောတွင်းတွေမှာ ပုန်းခိုနေကြရတဲ့အတွက် ထောက်ပံ့ကူညီတာတွေလည်း လိုအပ်နေပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013