DVB Logo
Home
မြန်မာသတင်း
တပ်မတော်အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တာဝန်အရပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
May 11, 2014
တပ်မတော်အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တာဝန်အရပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တာဝန်အရ ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2DASSK Constitution trip MaAuPin10052014ဧရာဝတီတိုင်း မအူပင်မြို့မှာ မေလ ၁၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒရယူပွဲမှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော်သားများ အားလုံးလည်း တတ်တတ်ကြွကြွနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ တာဝန်အရ ပါဝင်ကြပါလို့ ကျမပြောချင်ပါတယ်။ ပထမ စမွေးကတည်းက တပ်မတော်သား မဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသားအနေနဲ့ မွေးဖွားလာပါတယ်။ နံပတ် ၁ က ဒီနိုင်ငံသားတွေ ဖြစ်ပါတယ်။ နောက်တော့မှ တပ်မတော်ထဲကို ရောက်သွားလို့ တပ်မတော်သားဖြစ်သွားတာပါ။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံသူ နိုင်ငံသား တာဝန်ဟာ နံပတ် ၁ ဖြစ်ပါတယ်ဆိုတာ ကျမအနေနဲ့ တပ်မတော်သားတွေကို သတိပေးချင်ပါတယ်။ နံပတ် ၁ အဓိက အကျဆုံးတာဝန်ကို မကျေပွန်ပဲနဲ့ အခြားတာဝန်တွေကိုလည်း ဘယ်လို ကျေပွန်နိုင်မှာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ်ကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မအူပင်လူထု ဟောပြောပွဲမိန့်ခွန်းဟာ အရင် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဟောပြောပွဲတွေထက် ပိုပြီး ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ရှိလာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်လိုတဲ့သူတွေရှိနေပြီး လူတစုတဖွဲ့အကျိုးအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တာကြောင့် ပြင်ကိုပြင်ရမယ်လို့ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013