
အိမ်ထောင်ရှင်အမျိုးသမီးများအလှမယ်ပြိုင်ပွဲ Mrs Grand International-2022 ကို မန္တလေးမြို့မှာ နိုဝင်ဘာ ၁၄ ရက်ညကကျင်းပ ဆုချီးမြှင့်ပေးအပ်ခဲ့ရာ ချင်းတိုင်းရင်းသူ သမီး ၃ ယောက်ရဲ့မိခင် Sarah Boih က ဆု ၄ ခုဆွတ်ခူးရရှိသွားပါတယ်။
ရန်ကုန်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်သူ Sarah Boih ဆွတ်ခူးရရှိတဲ့ ဆု ၄ ဆုကတော့ Mrs. Grand International Standard Winner ဆု၊ Friendship Award ဆု၊ Popularity Award ဆုနဲ့ Best Talent Award ဆုတို့ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၃၀ က အိမ်ထောင်သည်အမျိုးသမီးအလှမယ်တွေလာရောက် ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲရဲ့ သရဖူ Winner ဆုကို ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ အိမ်ထောင်ရှင်အလှမယ်တဦးက ရရှိသွားပါတယ်။