DVB Logo
Home
မြန်မာသတင်း
ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး သြစတြီးယားနိုင်ငံက နည်းပညာကူညီမည်
DVB
·
May 11, 2014
ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး သြစတြီးယားနိုင်ငံက နည်းပညာကူညီမည်
Donate to DVB

မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြီးယားနိုင်ငံ (Austria)က နည်းပညာနဲ့ အကူအညီ အထောက်အပံ့တွေ ပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ သြစတြီးယားနိုင်ငံ ပို့ဆောင်ရေး၊ တီထွင်မှုနဲ့ နည်းပညာဝန်ကြီး အိတ်ခ်ျ.အီး မစ္စ ဒိုရစ်ဘူးရစ်စ် (H.E. Ms. Doris BURES) က ထုတ်ဖော်ပြောဆိုပါတယ်။

[caption id="attachment_56370" align="alignleft" width="300"]သမ္မတ ဦးသိန်းစိန်နှင့် သြစတြီးယားနိုင်ငံ ပို့ဆောင်ရေး၊ တီထွင်မှုနဲ့ နည်းပညာဝန်ကြီး အိတ်ခ်ျ.အီး မစ္စ ဒိုရစ်ဘူးရစ်စ် တို့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်နှင့် သြစတြီးယားနိုင်ငံ ပို့ဆောင်ရေး၊ တီထွင်မှုနဲ့ နည်းပညာဝန်ကြီး အိတ်ခ်ျ.အီး မစ္စ ဒိုရစ်ဘူးရစ်စ် တို့ တွေ့ဆုံစဉ်[/caption]နေပြည်တော် သင်္ဂဟဟိုတယ်မှာလုပ်တဲ့ နှစ်နိုင်ငံ အကူအညီပေးရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အထူးသဖြင့် ဧရာဝတီမြစ်ပေါ်မှာ မြစ်ကြောင်းကို မထိခိုက်စေပဲ ရေအားကနေ လျှပ်စစ်ဓာတ် ထုတ်ယူရေး နည်းပညာမြင့် စီမံကိန်းဆိုင်ရာကိစ္စတွေမှာ အဓိက ကူညီမယ်လို့ သိရပါတယ်။

သြစတြီးယား ၀န်ကြီးဟာ မြန်မာ လျှပ်စစ်ဝန်ကြီးဌာနနဲ့ရော ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ပါ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013