DVB Logo
Home
မြန်မာသတင်း
မကွေးဗိုလ်မထားအဖွဲ့က မဟာမိတ် PDF နှစ်ဖွဲ့ကို သေနတ် ၁၁ လက် ပေးအပ်
DVB
·
November 12, 2022
မကွေးဗိုလ်မထားအဖွဲ့က မဟာမိတ် PDF နှစ်ဖွဲ့ကို သေနတ် ၁၁ လက် ပေးအပ်
Donate to DVB

မကွေးတိုင်းဒေသကြီးမှ မဟာမိတ် PDF အဖွဲ့ နှစ်ဖွဲ့အတွက် သေနတ် ၁၁လက်ကို မကွေး ဗိုလ်မထားကျေးရွာပေါင်းစုံ PDF အဖွဲ့က ဒီနေ့မှာ လှူဒါန်းပေးအပ်ခဲ့ပါတယ်။ 

“အညာဒေသဆိုတာ အင်မတန်မှ လက်နက်ခဲယမ်းရှားပါးပါတယ်။ အသက်စွန့်လွှတ် စွန့်စားရဲတဲ့ သူရဲကောင်းများစွာထွက်ရှိပေမဲ့ လက်နက်မပြည့်စုံလို့ စစ်ကောင်စီက မျက်စိရှေ့မှာ လူသတ်၊ မီးရှို့ လုယက်၊ ဓားပြတိုက်၊ ပြည်သူကိုနှိပ်စက်တာများလို့ မကွေးဗိုလ်မထား PDF အဖွဲ့အနေနဲ့ လက်နက်တွေကိုထုတ်လုပ်ပြီး အခမဲ့ လှူဒါန်းပေးတာ” လို့ ဗိုလ်မထားက ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာရှိတဲ့ အခြား PDF အဖွဲ့တွေကိုလည်း ဗိုလ်မထားအဖွဲ့အနေနဲ့ လစဉ်ကူညီထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013