DVB Logo
Home
မြန်မာသတင်း
ရေးမြောက်ပိုင်းဒေသရှိ စာသင်ကျောင်းများ ပိတ်ထားရန် YPDF သတိပေး
DVB
·
November 12, 2022
ရေးမြောက်ပိုင်းဒေသရှိ စာသင်ကျောင်းများ ပိတ်ထားရန် YPDF သတိပေး
Donate to DVB

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်တော့မှာဖြစ်တဲ့အတွက် မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းက စာသင်ကျောင်း တွေ ပိတ်ထားပေးဖို့  ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှု အရှိန်မြှင့် တင်ဖို့ ကျောင်းသား၊ ကျောင်းသူတွေကို  ထိခိုက်နစ်နာမှု မရှိစေရေး ကြိုတင်သတိပေးရတာလို့ ရေးမြို့နယ်(YPDF)တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

ရေးမြို့နယ်ကမြောက်ပိုင်းဒေသတွေဖြစ်တဲ့ မော့ကနင်၊ လမိုင်း၊ ကော့ဒွတ်၊ နှစ်ကရင်နဲ့ သောင်ပြင် ကျေးရွာတွေမှာတော့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်မှာ ကျောင်းသား ထောင်ချီ ပညာသင်ကြားနေတာကြောင့် အခုလို သတိပေးရတာလို့ ဆိုပါတယ်။ 

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် ရာသီအလိုက်ပျော်ပွဲရွှင်ပွဲတွေကို အခြားနေရာ ထက် ရေးမြောက်ပိုင်းဘက်က နေရာတွေမှာ ပိုမိုလုပ်ဆောင်နေတာတွေရှိတဲ့အတွက် ပစ်ခတ်မှု တွေ ဖြစ်လာနိုင်တာကြောင့် သတိရှိပြီးသွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

ရေးမြို့နယ်ကို စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေ မကြာခဏ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်​​ခြင်းကို ခံနေရပြီး ရေးမြောက်ပိုင်း သံဖြူဇရပ် ရေး ကားလမ်းမှာ အများဆုံးတိုက်ခိုက်ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013