DVB Logo
Home
မြန်မာသတင်း
ကန့်သတ်ချက်များသည့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်မူကြမ်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
DVB
·
May 10, 2014
ကန့်သတ်ချက်များသည့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်မူကြမ်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
Donate to DVB

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်မူကြမ်းတစောင် မေလ ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ ၀င်မယ့်ကိုယ်စားလှယ်လောင်းပဲ မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့ ပြောဆိုတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး တလအကြာမှာ အခုလို ညွှန်ကြားချက်မူကြမ်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

[caption id="attachment_56332" align="alignleft" width="300"]၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ်စည်းရုံးနေစဉ် (မတ်လ ၂၀၁၂)၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ်စည်းရုံးနေစဉ် (မတ်လ ၂၀၁၂)[/caption]ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အဲ့ဒီညွှန်ကြားချက်မူကြမ်းကို မေလ ၉ ရက်မှာ ရန်ကုန်တိုင်းထဲရှိတဲ့ နိုင်ငံရေးပါတီတွေ အားလုံးကို ဖြန့်ဝေထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

အခု ထုတ်ပြန်လာတဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်မူကြမ်းဟာ ကန့်သတ်ချက်တွေ များတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အန်ဒီအက်ဖ်ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်နေရင်တော့ ဘာမှ ခွင့်တင်စရာ အကြောင်းကြားစရာ မလိုဘူးပေါ့။ ဒါပေမယ့်လို့ ပါတီကိုယ်စားလှယ်ကနေ၀င်ပြီးတော့ တရားဟောချင်တယ်၊ မဲဆွယ်ပေးချင်တယ် ဆိုရင် ပါတီကိုယ်စားလှယ်တယောက်ရယ် နောက်ပြီး အခြားသော ပုဂ္ဂိုလ်တယောက်ပေါ့။ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနဲ့ ပါတီကိုယ်စားလှယ်လောင်းက လွဲလို့ ကျန်တဲ့ ၂ ယောက်ကတော့ ကော်မရှင်နဲ့ ခရိုင်ကော်မရှင်ဆီမှာ မှတ်ပုံတင်ပြီးတော့ မှတ်ပုံတင်ကျမှပဲ တရားဟောခွင့်ရမယ်။ ဒါမျိုးတွေ ကန့်သတ်ထားတာ ရှိပါတယ်။ ဒါတွေကတော့ နည်းနည်း ဘောင်ကျဉ်းတာပေါ့ဗျာ။ သွားတဲ့လာတဲ့ နေရာမှာလည်း ဘယ်လမ်းက သွားပြီး ဘယ်မှာစုရပ်လုပ်တယ်၊ ဘယ်မှာ ဟောမယ် အပြည့်အစုံတင်ရမယ်။ ဘယ်နာရီဟောပြီး ဘယ်နာရီပြီးမယ်ဆိုတာမျိုး တော်တော်ကြီးကို စစ်အစိုးရ အုပ်ချုပ်ရေးကာလက လုပ်ထုံးလုပ်နည်း အတိုင်းပဲ လမ်းကြောင်းတွေရွေးထားတာတို့ ဘာတို့ သူတို့ပြောရင် လုံခြုံရေးအရ ဆူဆူပူပူ ဖြစ်မှာစိုးလို့ ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့ အချင်းချင်းမဲဆွယ်တုန်း ပြဿ နာဖြစ်မှာစိုးလို့ဆိုပြီး ဆင်ခြေပေးမှာပေါ့ဗျာ။ ဒါပေမယ့် သူ့ဟာက တော်တော်ကြီးကို မဲဆွယ်စည်းရုံးမှုကို ကန့်သတ်မှုက သိပ်ကို များနေတယ်။”

ညွှန်ကြားချက်မူကြမ်းထဲမှာ ရွေးကောက်ပွဲ မတိုင်မီ ၁လအလိုမှာပဲ မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့ ပါရှိတယ်လို့လည်း ပြောပါတယ်။

ဒီညွှန်ကြားချက်မူကြမ်းနဲ့ ပတ်သက်ပြီး ရှေ့လာမယ့်အပတ်ထဲ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ ဆွေးနွေးကြဖို့လည်း ရှိပါတယ်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟာ အရင်အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာတဲ့နေ့မှာ ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

သူတာဝန်ယူစဉ် ကျင်းပပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်လွန်းပြီး တရားမျှတမှု သိပ်မရှိဘူးလို့ မှတ်ချက်ပေး ပြောကြားဖူးသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013