DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး ဦးစားပေးလုပ်ရန် ကေအန်ယူကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
May 9, 2014
ဖွဲ့စည်းပုံပြင်ရေး ဦးစားပေးလုပ်ရန် ကေအန်ယူကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ အဓိကထားလုပ်ဆောင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့  ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ညနေပိုင်း တွေ့ဆုံခဲ့ကြစဉ် ခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

KNU meet DASSK09052014ဒီတွေ့ဆုံမှုမှာ တိုင်းရင်းသားတွေဘက်က လုပ်ဆောင်နေတဲ့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွေဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ မူတည်တဲ့ အတွက် ဒီဥပဒေကို ပြင်ဆင်ဖို့လိုကြောင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှာလည်း ဖွံ့ဖြိုးရေးတွေအစား နိုင်ငံရေးဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ဒီကနေ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောသမိန်ထွန်းက ဆွေးနွေးပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“တရားဥပဒေ စိုးမိုးရေးကိစ္စကို အဓိကထားလုပ်ဖို့၊ အပစ်အခတ်ရပ်စဲရေးမှာလည်း တပ်မတော်ရဲ့ ပါဝင်ကန့်သတ်ချက်တွေဟာ ပိုပြီး အကျပ်အတည်း တွေ့စေတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကိစ္စ အဓိကက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လိုက်ရင် ပိုကောင်းတယ်။ မပြင်ဘဲနဲ့ ဆိုရင် တွေ့ဆုံဆွေးနွေးရေးဟာ အကျပ်အတည်း အများကြီး ရှိနိုင်တယ်။  အဲတော့ ဒါကို သူ အများကြီး ကျော်ဖြတ်ဖို့လိုတယ်။  နောက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ  ဖွံ့ဖြိုးတိုးတက်ရေးအစား နိုင်ငံရေးကို ဆက်လက်ဆွေးနွေးဖို့ အဓိကထားလုပ်ပါ။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစားထိုးတာမျိုးက သတိထားရမယ်။ ကေအန်ယူ ဒုက္ကဋ္ဌကလည်း ဖြတ်သန်းလာတဲ့ ဖြစ်စဉ်တွေကို တခုချင်းတခုချင်း ပြန်ရှင်းပြတယ်။”

ကေအန်ယူဒု-ဥက္ကဋ္ဌနဲ့အဖွဲ့ဟာ မေ ၇ ရက်နေ့တုန်းကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာစွာဖြစ်ပေါ်လာဖို့၊ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ရေးနဲ့ ဆွေးနွေး သဘောတူခဲ့ပါတယ်။

အလားတူ ရှမ်းတိုင်းများ ဒီမိုကရစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံရာမှာလည်း တိုင်းရင်းသားတွေအားလုံး အပစ်အခတ်ရပ်စဲရေးဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေကို ၀ိုင်းပြီး ပြုပြင်ပြောင်းလဲဖို့ သဘော တူညီခဲ့ကြပါတယ်။

ကေအန်ယူ ဒု-ဥက္ကဌ နော်စီဖိုးရာစိန်တို့အဖွဲ့ဟာ ဧပြီ ၃၀ ရက်ကနေ မေ ၁၂ နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိပြီး ကရင်လူထုတွေ၊ ပါတီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013