DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ် ကျေးရွာအချို့ သောက်သုံးရေ အခက်ကြုံ
DVB
·
May 10, 2014
အမရပူရမြို့နယ် ကျေးရွာအချို့ သောက်သုံးရေ အခက်ကြုံ
Donate to DVB

မန္တလေး တောင်ဘက် ဒုဌ၀တီမြစ်အနီး အမရပူရမြို့နယ်ထဲမှာ ပါဝင်တဲ့ ကျေးရွာ ၁၅ ရွာလောက်ဟာ ဒုဌ၀တီမြစ်ရေကို အားကိုး သုံးစွဲနေရပြီး အခု မြစ်ရေတွေ သောက်သုံးလို့ မရအောင် ဖြစ်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_56293" align="alignleft" width="300"]မန္တလေး စက်မှုဇုန်မှ စွန့်ပစ်ရေ မန္တလေး စက်မှုဇုန်မှ စွန့်ပစ်ရေ[/caption]

ညောင်နီကန်ကျေးရွာသား ဦးကျော်ကျော်ဦးက “ရေထုညစ်ညမ်းမှုတွေ ဖြစ် မြစ်ထဲကရေတွေလဲ သောက်သုံးလို့ မရတော့ဘူး။ အဲဒီလိုမျိုးတွေ ဖြစ်တာပေါ့လေ။ ဒါတွေက စက်မှုဇုန်က လွှတ်နေတာ ၄၊ ၅၊ ၁၀ နှစ်လောက်တော့ ရှိလောက်ပြီ။” လို့ ပြောပါတယ်။

ဒေသခံတွေကတော့ မန္တလေးစက်မှုဇုန်တွေက စွန့်ပစ်ရေတွေဟာ တောင်အင်းနဲ့ မြောက်အင်းထဲကတဆင့် ဒုဌ၀တီမြစ်ထဲ ရောက်ရှိလာပြီး မြစ်ရေညစ်ညမ်းမှုတွေ ဖြစ်နေတာလို့ ပြောဆိုနေကြပါတယ်။

စာတိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်က “စက်မှုဇုန်ကနေပြီး ထွက်လာပြီးတော့ တောင်အင်းနဲ့ မြောက်အင်းထဲကို ကျတာ အဲဒီကနေတဆင့် ဒုဌာဝတီမြစ်ထဲက ပြန်ပြီးကျတာ။ တောင်အင်း မြောက်အင်းကလဲ ဟိုတုန်းကတော့ ငါးတွေ ဘာတွေ မွေးတယ်လေ။ အခု စက်မှုဇုံကနေ မကောင်းတဲ့ရေဆိုးတွေ ကျတော့ ငါးမွေးလို့လဲ မရတော့ဘူး။ ငါးတွေလဲ မျိုးကန်းသွားပြီ။ အဲဒီကနေတဆင့် ဆိုးချက်က မသန့်တဲ့ရေတွေရော စက်မှုဇုန်ကနေပြီတော့ ရေဆိုးပစ်တွေရော စက်မှုဇုန်က ဟာတွေရော ဒုဌ၀တီမြစ်ထဲကို ကျလာတာ။ ဒုဌ၀တီမြစ်ကျတော့ စာတိုးရွာရဲ့ အရှေ့ထိပ်ကျတာပေါ့။ တာဘောက်ချောင်းထဲကနေပြီးတော့ မြစ်ထဲကို ကျတာ”လို့ ဆိုပါတယ်။

ငွေကြေးတတ်နိုင်သူတွေက အ၀ီစိတွင်းတူးပြီး သုံးနိုင်ပေမယ့် အများစုကတော့ မြစ်ရေကို သုံးနေရတဲ့အတွက် တချို့ကလေးတွေမှာ အနာတွေ ပေါက်နေတယ်လို့လဲ ပြောပါတယ်။

မြစ်ရေကို အဓိကထားသုံးစွဲရတဲ့ အဲဒီဒေသက သောက်သုံးရေ အခက်အခဲကို တာဝန်ရှိသူတွေထံ တင်ပြထားပေမယ့် ဘာမှ ထူးခြားမှု မရှိသေးတဲ့အတွက် သောက်သုံးရေ ရရှိရေး အကူအညီတွေ လိုအပ်နေပါတယ်။

လက်ရှိမှာ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)နဲ့ ဖရန့်ကွက်စ် ဖွံဖြိုးတိုးတက်မှု အေဂျင်စီ (အေအက်ဖ်ဒီ)အဖွဲ့က မန္တလေးမြို့ ရေရရှိရေးအတွက် ချေးငွေ ထောက်ပံ့ပေးသွားဖို့ မန္တလေး စည်ပင်သာယာရေး ကော်မတီနဲ့ ပူးပေါင်းပြီး စစ်တမ်းကောက်ယူနေတဲ့အတွက် ကျေးရွာတွေထိ ရောက်ရှိလာဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013