DVB Logo
Home
Lead Story
သစ်အလုံးလိုက်တင်ပို့မှု ၃ လ ခန့် ခွင့်ပြုပေးရန် ပါကစ္စတန် တောင်းဆို
DVB
·
May 9, 2014
သစ်အလုံးလိုက်တင်ပို့မှု ၃ လ ခန့် ခွင့်ပြုပေးရန် ပါကစ္စတန် တောင်းဆို
Donate to DVB

မြန်မာဘက်က နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့မှု လုံးဝရပ်ဆိုင်းထားတာကို ၃ လလောက် ရွှေ့ဆိုင်းပေးဖို့ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ကေစီစီအိုင်) ဥက္ကဋ္ဌ အဗ္ဗဒူဇာဂလီက မေတ္တာရပ်ခံခဲ့တယ်လို့ ပါကစ္စတန် အခြေစိုက် ဘစ္စနက် ရီကော်ဒါ သတင်းဌာနက ဖော်ပြပါတယ်။

teakလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်အတွင်း ပါကစ္စတန်နိုင်ငံ သစ်ကုန်သည်တွေဟာ မြန်မာနိုင်ငံကနေ အဓိကလိုအပ်ချက်ဖြစ်တဲ့ သစ်ကုန်ကြမ်းတွေ တင်သွင်းခဲ့ကြောင်း၊ မြန်မာအစိုးရက ၂၀၁၄ ဧပြီလက စပြီး  သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် သူတို့ အနေနဲ့ အခက်အခဲကြုံရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သစ်အလုံးလိုက် ၃ လ လောက် ဆက်ပြီး တင်ပို့ခွင့်ပေးပါ ဆိုပြီး သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးနဲ့ သက်ဆိုင်သူတွေဆီ စာရေးသားပေးပို့ အကြောင်းကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အစိုးရဟာ သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်ပင်လိုက်ပေမယ့် အချောထည် တင်ပို့မှုတွေကိုတော့ ဆက်ပြီး ခွင့်ပြုပေးသွားမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013