DVB Logo
Home
Lead Story
ထိုင်းတွင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် ကားမှောက်၊ ၁ ဦး သေဆုံး
DVB
·
May 9, 2014
ထိုင်းတွင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် ကားမှောက်၊ ၁ ဦး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကိုပါမြို့နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ကားတစီး ထိုင်း စစ်ဆေးရေးဂိတ်ကို ရှောင်ပြေးရင်း တိမ်းမှောက်ခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

557000005270901ဖန်ငခရိုင် တလတ်ယိုင်မြို့မရဲစခန်း တာဝန်ကျစခန်းမှူးး ၀ိရ၀ုဒ်ဖုန်ဖိတ်ရဲ့ ပြောကြားချက်အရ  ယာဉ်မတော်တဆ တိမ်းမှောက်တဲ့သတင်းကို  မေ ၈ ရက်နေ့ မနက် ၁ နာရီ အချိန်က ရရှိခဲ့ကြောင်း၊  အခင်းဖြစ်ပွားရာ  နေရာကို သွားရောက် စစ်ဆေးကြည့်ရှုရာမှာ အနက်ရောင် တိုယိုတာဟိုင်းလပ်ကား ၁ စီး ပက်လက်အနေအထားနဲ့ တိမ်းမှောက်နေပြီး ၁ ဦး သေဆုံး၊  ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေထဲမှာ လူကုန်ကူးတဲ့ဂိုဏ်း ဖြတ်သွားဖို့ ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ  လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက နယ်လှည့်စောင့်ကြပ်နေတာမှာ ကဘန်မြို့ဘက်ကနေ လာတဲ့ အဲဒီ ကားကို စစ်ဆေးဖို့ တားဆီးပေမယ့် ကားက ရပ်မပေးဘဲ အရှိန်မြှင့် မောင်းနှင်ဖြတ်ပြေးပြီး  ချိန်းပလန်းရွာအကွေ့မှာ အရှိန်လွန်ပြီးတော့ သစ်ပင်နဲ့ ၀င်ဆောင့်မိတာလို့  စခန်းမှူးက ဆက်ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ ကားပေါ်ပါလာသူတွေအားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ရနောင်းကနေ ဖန်ငခရိုင်၊ အဲဒီကနေတဆင့် ထိုင်းနိုင်ငံ ဒေသအသီးသီးမှာ လူခွဲပြီး အလုပ်သွားလုပ်ဖို့ ဖြစ်ကြောင်း၊ ယာဉ်တိမ်းမှောက်ပြီးတဲ့နောက် ကားမောင်းသမားရော၊  အခြားလူ တွေပါ အနီးက တောအုပ်ထဲကို ထွက်ပြေး တိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။

လောလောဆယ် ဒဏ်ရာရသူ ၈ ဦးကို တကိုပါ နဲ့ ဘန်ထရိုင် ဆေးရုံတွေကို ခွဲပို့ထားပြီး ထွက်မပြေးဘဲ ကျန်တဲ့ ၉ ဦးကိုတော့ တလတ်ယိုင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ စခန်းမှူးက ပြောပါတယ်။

တရားမ၀င်လူတွေ တင်ဆောင်လာတဲ့ အဲဒီကားမှာ ထိုင်းအမျိုးသားလုံခြုံရေးတံဆိပ်ပါ စတစ်ကာ ကပ်ထားတာလည်း တွေ့ရတဲ့အတွက် ဒီဖြစ်စဉ်မှာ ထိုင်းအာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကိုလည်း ဆက်လက် စစ်ဆေးသွားမယ်လို့ စခန်းမှူးက ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013