DVB Logo
Home
Lead Story
မြိတ်- ဘန်ကောက် တိုက်ရိုက်လေကြောင်း စ ပျံသန်း
DVB
·
May 9, 2014
မြိတ်- ဘန်ကောက် တိုက်ရိုက်လေကြောင်း စ ပျံသန်း
Donate to DVB

 မေလ ၈ ရက်နေ့ကစ Myanmar Union Express Charter Airline ဟာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တနင်္သာရီတိုင်း မြိတ်မြို့ကို တိုက်ရိုက်လေကြောင်း ခရီးစဉ် စပြီးပြေးဆွဲခဲ့ပါတယ်။

New Airwaysနယ်မြို့တမြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြေးဆွဲတဲ့ ပထမဦးဆုံး လေကြောင်း ခရီးစဉ်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ပြီးရင် ဘန်ကောက်ကို ပြေးဆွဲတဲ့ စတုတ္တမြောက် လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။

ဘန်ကောက် - မြိတ် - ဘန်ကောက် ခရီးစဉ်ကို နဂိုက ရေထွက်ကုန်တွေ အပါအ၀င် ကုန်စည်တွေပါ တင်ဆောင်ပြေးဆွဲမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် ပထမဦးဆုံး ခရီးစဉ်မှာတော့ ကုန်စည်တွေ တင်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

အသွားအပြန် ဒေါ်လာ ၁၄၀ ပဲ သတ်မှတ်ထားတဲ့ ဒီလေကြောင်းလိုင်း ခရီးစဉ်တွေကို မေလအတွင်း ၁၂ရက်၊ ၁၆ -၂၀-၂၃-၂၇ နဲ့ ၃၀ ရက်နေ့တွေမှာ ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

မွန်ပြည်နယ်ဘက်မှာလည်း ထိုင်းနယ်စပ် မဲဆောက်နဲ့ မွန်ပြည်နယ် မော်လမြိုင် ခရီးစဉ်တွေ ပြေးဆွဲခဲ့ဖူးပေမယ့် နောက်ပိုင်း ရပ်ဆိုင်းသွားခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013