DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဆက်သွယ်ရေးစင်တာဖွင့်
DVB
·
May 8, 2014
မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဆက်သွယ်ရေးစင်တာဖွင့်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်သမား ဆိုင်ရာပြဿနာအခက် အခဲတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ဖို့ ဘန်ကောက်မြန်မာသံရုံးအနီးမှာ ဆက်သွယ်ရေး စင်တာတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာသံရုံးက အလုပ်သမား ဆိုင်ရာ သံမှူးး တဦးပဲ ခန့်ထားတာဝန်ပေးထားတဲ့အတွက် သူ့အတွက် တဖက်တလမ်းကနေ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ဖို့ ဒီဆက်သွယ်ရေးစင်တာကို ဖွင့်လှစ်လိုက်တာလို့ စင်တာ - တာဝန်ရှိသူတဦးက ပြောပါတယ်။

[caption id="attachment_56128" align="alignleft" width="300"]မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နဲ့  လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင် ဆွေးနွေးနေစဉ် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင် ဆွေးနွေးနေစဉ်[/caption]ဒီစင်တာကို ရန်ကုန်အခြေစိုက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် Myanmar Oversea Employment Agency Federation က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆီလုမ်းရပ်ကွက် မြန်မာ သံရုံးအနီးမှာ လာရောက်ဖွင့်လှစ်တာဖြစ်ပြီး မေလ ၇ ရက်ကစပြီး ဆက်သွယ်နိုင်ပြီလို့ အဲဒီအဖွဲ့ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးမြတ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့အဓိကကတော့ မြန်မာအလုပ်သမားတွေအတွက် ၀ိုင်းပြီးကာကွယ်စောင့်ရှောက်ဖို့ပါ။ အမ်အိုယူနဲ့လာတဲ့သူတွေကို ပထမဦးတည်တယ်။ ကျနော်တို့က စနစ်အမှန်ထဲကို သွင်းနေတာပေါ့။ တချို့အလုပ်သမားတွေက အောက်လမ်းကလာတာ၊ ဗီဇာနဲ့ လာတာ အဲလို စနစ်မှားနေတော့ ၀န်ကြီးဌာနကလည်း စနစ်တကျဖြစ်စေချင်တယ်။ ဘယ်အေဂျင်စီက လွှတ်လိုက်တာပဲဖြစ်ဖြစ် ကျနော်တို့ ဖက်ဒရေးရှင်းက အကုန်လိုက်ရှင်းပေးမယ်။ အဲဒါတင်မက တခြားမြန်မာနိုင်ငံသား ဘယ်သူမဆိုပေါ့နော်။ အလုပ်ရှင်သူဌေးတွေဘက်က စာချုပ်စာတမ်း အတိုင်း မလုပ်ဘဲ ဖောက်ဖျက်တာတွေနဲ့ ကြုံရင် ကျနော်တို့က အလုပ်သမားတွေဘက်က ၀ိုင်းရှင်းပေးမယ်ပေါ့နော်။ တခြားအကူအညီတွေလည်း ဆက်တိုက်လုပ်ပေးနေ ပါတယ်။ သံအရာရှိ တယောက်တည်းဆိုတော့ မနိုင်တော့ ကျနော်တို့က ၀ိုင်းတွဲပြီးတော့ ကူပေးတာပါ။”

အလုပ်သမားတွေအနေနဲ့ တစုံတရာ အကူအညီလိုအပ်ပါက ဆက်သွယ်ရေးစင်တာ ဖုန်းနံပါတ် ၀၈၃ ၅၄၄ ၆၄၄၂ ကို နေ့စဉ် ရုံးချိန်အတွင်း ခေါ်ဆိုနိုင်ပြီး အရေးပေါ်ကိစ္စတွေမှာ ဆိုရင် ရုံးချိန်ပြင်ပတွေမှာလည်း ဆက်သွယ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ရန်ကုန်ရုံးချုပ်ကတော့ ပန်းပဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းမှာရှိပြီး ဖုန်းနံပါတ် ၀၁ - ၂၄၈ ၂၅၅ ဖြစ်ပါတယ်။

ဒီလိုဆက်သွယ်တဲ့အတွက်လည်း ၀န်ဆောင်ခပေးစရာမလိုကြောင်း၊ သူတို့အနေနဲ့ ဥပဒေဘောင်ထဲကနေ မြန်မာအလုပ်သမားတွေဘက်က ရပ်တည်ဖြေရှင်းပေးမယ်လို့လည်း ဦးမြတ်သူက ရှင်းပြပါတယ်။

လက်ရှိ မြန်မာအလုပ်သမားဆိုင်ရာ သံမှူ;သစ်ကတော့ ဦးသိန်းနိုင် ဖြစ်ပြီး သူ့ကို ဆက်သွယ်ရ မယ့် ဖုန်းနံပါတ်ကတော့ ၀၈၆၇၄၄ ၆၈၂၅ ဒါမှမဟုတ် ၀၈၃ ၉ ၈၁ ၂၁၇၅ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013