DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ဆန် တန်ချိန် ၃ သိန်း နှစ်စဉ်ဝယ်ယူမည်
DVB
·
November 6, 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ဆန် တန်ချိန် ၃ သိန်း နှစ်စဉ်ဝယ်ယူမည်
Donate to DVB

၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာ့ဆန်တန်ချိန် ၃ သိန်း နှစ်စဉ်တင်ပို့ရောင်းချနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရတို့အကြား ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရေးထိုးခဲ့တဲ့ ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)အရ မြန်မာနိုင်ငံကနေ  ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဥ် ဆန်ဖြူတန်ချိန် ၂၅၀,၀၀၀ နဲ့ ပေါင်းဆန်တန်ချိန် ၅၀,၀၀၀ ထိ  တင်ပို့ရောင်းချနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ MoU အရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Directorate General of Food တို့ဟာ တန်းမြင့်ဆန်ဖြစ်တဲ့ ဧည့်မထ ၅ မတ် တန်ချိန် ၂၀၀,၀၀၀  တင်ပို့ရောင်းချဖို့ စက်တင်ဘာလ ၈ ရက်နေ့မှာ အရောင်းစာချုပ်ကို ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာချုပ်အရ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ဆန်တန်ချိန် နှစ်သောင်းကျော် တင်ပို့ခဲ့ပြီး ဖြစ်တယ်လို့လည်း စီး/ကူးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထပ်မံတင်ပို့ဖို့ကျန်ရှိနေတဲ့ ဆန်ပမာဏအနက်က တန်ချိန် ၁၅၀,၀၀၀ ကျော်ဟာ သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိတဲ့ ဆန်တန်ချိန် ၁၅၀,၀၀၀ ကျော်ကို သတ်မှတ်ကာလအတွင်း တင်ပို့သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပထမအကြိမ် G to G ဆန်ရောင်းဝယ်နိုင်ရေး နားလည်မှုစာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇  ရက်နေ့မှာ ရေးထိုးခဲ့ကြပြီး။ ၂၀၁၇ကနေ ၂၀၂၂ ခုနှစ်၊ အထိ ၅ နှစ် ဆက်တိုက် ဆန်တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို  တရုတ်၊ အာဆီယံ၊ ဉရောပ၊ အာဖရိကနဲ့ တခြားနိုင်ငံတွေကို တင်ပို့ရောင်းချနေတာပါ။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) ရဲ့ ထုတ်ပြန်ထားချက်အရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၇ လအတွင်းမှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ မတ်ထရစ်တန် တစ်သန်းကျော်ထိ တင်ပို့ထားပြီး အဲဒီတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ပို့ကုန်ဝင်ငွေ ရရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာတော့ မြန်မာ့ဆန်ကို  တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ဝယ်လိုအားက အများဆုံးဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013